Debian ( သို့မဟုတ် )) သည် Unix အခြေခံ ကွန်ပျူတာ လည်ပတ်ရေးစနစ်တစ်ခုဖြစ်ပြီး GNU General Public License ဖြင့်ဖြန့်ဝေသည့် အခမဲ့ဆော့ဝဲလ်ဖြစ်သည်။ Debian Project အား ၁၉၉၃ ခုနှစ်တွင်Ian Murdock က ပထမဆုံး ကြေညာခဲ့ပြီး Debian 0.01 ကို ၁၉၉၃ စက်တင်ဘာ ၁၅ ၌ ထုတ်ပြန်ခဲ့သည်။ ပထမဆုံး stable ဗားရှင်းအား ၁၉၉၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ Debian သည် ကွန်ယက် ဆာဗာ၊ တကိုယ်ရေသုံး ကွန်ပျူတာများ၏ လူကြိုက်များသော ကွန်ပျူတာ လည်ပတ်ရေးစနစ်တစ်ခု ဖြစ်ပေသည်။
