factograf
MY

နို့တိုက်သတ္တဝါ

လင်းနို့

လင်းနို့

Key facts

ကနဦး အားဖြင့်တက်ဆွန်
တက်ဆွန် အမည်Chiroptera
တက်ဆွန် အဆင့်မျိုးစဉ်

လင်းနို့သည် ပျံသန်းနိုင်သော နို့တိုက်သတ္တဝါဖြစ်သည်။ Chiroptera ဟုခေါ်သည်။ လင်းနို့၏ရှေ့လက်များသည် ပင့်ကူအိမ်ကွန်ယက် သဖွယ်ဖြာထွက်ပြီး တောင်ပံများအဖြစ်ရှိနေစေသည်။ လင်းနို့သည် ကောင်းကင်တွင် သိသိသာသာ ပျံသန်းနိုင်စွမ်းရှိသော တမျိုးတည်းသော နို့တိုက်သတ္တဝါဖြစ်သည်။ ရှဉ့်ပျံကဲ့သို့သော အခြားနို့တိုက်သတ္တဝါများမှာ လေထဲပျံသန်းနိုင်သည် ဆိုသော်လည်း အမှန်အားဖြင့် အကွာအဝေး အနည်းငယ်သို့ လေဟုန်စီး ဝဲပျံခြင်းသာ ဖြစ်သည်။ ငှက်များနှင့်မတူသည်မှာ လင်းနို့သည် ရှေ့လက်များကို တောင်ပံမခတ်နိုင်ပဲ ရှည်လျားပြီး အရေပြားဖုံးအုပ်နေသည့် လက်ချောင်းလေးများကိုသာ တောင်ပံအဖြစ် ခတ်ခြင်းဖြစ်သည်။ Chiroptera ဟူသည် heir (χείρ) "hand"နှင့် pteron (πτερόν) "wing" ဟူသော ဂရိစကားလုံး (၂) လုံးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် လင်းနို့အမျိုးပေါင်း (၁၁၀၀) ကျော်ရှိသည့်အနက် (၂၀%) ခန့်ကိုသာ နို့တိုက်သတ္တဝါအဖြစ် ခွဲခြားသတ်မှတ်နိုင်သေးသည်။ (၇၀%) သောလင်းနို့မျိုးများမှာ အင်းဆက်စားသတ္တဝါများဖြစ်သည်။ ကျန်လင်းနို့မျိုးများမှာ သစ်သီးစားသတ္တဝါများဖြစ်ကြသည်။ လင်းနို့များသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့စွာ ရှိနေကြပြီး ဝတ်မှုန်ကူးခြင်းနှင့် သစ်စေ့များပျံ့နှံ့ခြင်းတို့ကို ဖြစ်စေသည်။ များစွာသော အပူပိုင်းဒေသအပင်များမှာ သစ်စေ့များ ပျံ့နှံ့မှုအတွက် လင်းနို့များပေါ်တွင် လုံးလုံးလျားလျား တည်မှီနေကြရသည်။ အရွယ်အစားအားဖြင့် အလျား ၂၉–၃၃ မီလီမီတာ (၁.၁၄–၁.၃ လက်မ) ခန့်နှင့် အလေးချိန် ၂ ဂရမ် (၀.၀၇ အောင်စ) ခန့်သာရှိသော Kitti's Hog-nosed Bat လင်းနို့မျိုးများမှသည် တောင်ပံဖြန့်လိုက်လျှင် 1.5 m (4 ft 11 in) နှင့် အလေးချိန် 1.2 kg (3 lb) အထိရှိသော Giant Golden-crowned Flying-fox များအထိ အရွယ်စုံရှိသည်။

ကမ္ဘာပေါ်ရှိ အလွန်အေးသော အရပ်ဒေသများမှတပါး ကျန်ဒေသများ၌ လင်းနို့မျိုးပေါင်း ၃ဝဝ ခန့်ကို အနှံ့အပြား တွေ့ရှိရသည်။ တောတွင်းကျသော အရပ်များ၌သာမဟုတ်ဘဲ မြို့ထဲ၊ ရွာထဲနှင့် ခြံဥယျာဉ်များထဲ၌လည်း လင်းနို့များကို တွေ့ရှိရသည်။ လင်းနို့များသည် အကောင်ငယ်မျိုးပင်ဖြစ်သော်လည်း မလေးရှားနိုင်ငံတွင် တွေ့ရှိရသော လင်းနို့ကောင်ကြီးများမှာ အတောင်ကိုဖြန့်၍ အစွန်းနှစ်ဖက်ကြားကို တိုင်းထွာကြည့်လျှင် တခါတရံ ငါးပေမျှရှိလေသည်။ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဒေသတွင်ရှိသော တိုင်းပြည်များ၌လည်း လင်းနို့များကို တွေ့ရှိရသည်။ လင်းဆွဲများသည် ခြံဥယျာဉ်များတွင် လူတို့စိုက်ပျိုးထားသော သစ်သီးဝလံတို့ကို ညဉ့်အချိန်၌ လှည့်လည်ကာ စားသောက်ဖျက်ဆီးတတ်ကြသည်။ လင်းနို့များမှာမူ ပိုးမွှားများကိုသာ စားလေ့ရှိသဖြင့် လူ၏ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ လင်းနို့များသည် သစ်သီးဝလံပင်များနှင့် ကောက်ပဲသီးနှံပင်တို့ကို ကိုက်ဖြတ်ဖျက်ဆီးတတ်သော ဖလံကောင်များနှင့် ချေးထိုးပိုးကောင်များကို ရှာဖွေ စားသောက်လေ့ရှိသဖြင့် ဥယျာဉ်လယ်ယာ စိုက်စားသူတို့၏ ညဉ့်စောင့်များ စင်စစ်ဖြစ်တော့သည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံ အချို့သောအပိုင်းများနှင့် ဩစတြေးလျတိုက်တို့တွင် ပြည်သူ့ဘဏ္ဍာထဲမှ ငွေဖြင့် လင်းနို့များအတွက် အိပ်တန်းများ သို့မဟုတ် ခိုအောင်းရာ အဆောက်အအုံများကို ဆောက်လုပ် ပေးထားကြသည်။ ထိုကဲ့သို့ လင်းနို့များမွေးထားသည့် ရပ်ကွက်များ၌ ခြင်ကောင်များ ပျောက်ကွယ်လျက်ရှိသည်။ နေ့အချိန်တွင် လင်းနို့များကို တွေ့ရခဲသည်။ တစ်နေ့လုံး ဂူများ၊ သစ်ခေါင်းများ၊ ချုံပိတ်ပေါင်းများ၊ စပါးကျီများ၊ ဘုရားရှိခိုးကျောင်း၊ မျှော် ယစင်များနှင့် အိမ်အိုများအတွင်း၌ ပုန်းအောင်းကာ အိပ်စက်နေတတ်ကြသည်။ အအိပ်စုံမက်သော သတ္တဝါများဖြစ်ရာ နွေအခါ၌ပင် ၂၄ နာရီအနက် နာရီပေါင်း ၂ဝ ခန့် သူတို့၏ အိပ်တန်းကို စွန့်ခွာ၍ ထွက်ပျံလေ့မရှိကြချေ။ ဆောင်းရာသီသို့ရောက်လာလျှင် အပြင်သို့ အလျဉ်းမထွက်လာတော့ပေ။ လင်းနို့များသည် ကြည့်ပျော်ရှုပျော်ရှိသော သတ္တဝါများဟု မဆိုနိုင်ချေ။ နေ့အခါတွင် ထုတ်လျောက်စသည်တို့မှာ တွဲရရွဲချကာ အလင်းရောင်ကို မကြည့်နိုင်သကဲ့သို့ ပုတီးစေ့မျက်လုံးကို မှိတ်ချည်ဖွင့်ချည်ဖြင့် လင်းနို့များကို တွေ့ရလေ့ရှိသည်။ ထိုသို့ရှိနေစဉ် အတောင်နှစ်ဖက်ကို ရုပ်သိမ်းလျက် ကိုယ်ရုံထည်သဖွယ် ခြုံထားကြသည်။ လင်းနို့၏အတောင်မှာ ငှက်မွှေး၊ ငှက်တောင်ကဲ့သို့မဟုတ်ဘဲ သားရေကဲ့သို့ဖြစ်သည်။ အလွန်ရှည်လျားသော လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ချောင်းတို့သည် ထီးရွက်တွင် ထီးကိုင်းများသဖွယ် တွယ်ကပ်နေသည့်နည်းတူ အတောင်၌ ကပ်လျက်ရှိသည်။ လင်းနို့တစ်ကောင် လက်ထဲ၌ဖမ်းထားမည်ဆိုလျှင် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေသည်ကို တွေ့ရမည်ဖြစ်၏။ ဤကဲ့သို့ တဆတ်ဆတ်တုန်နေရခြင်းမှာ လင်းနို့အတောင်တွင် အတွေ့အထိကိုအလွန်သိလွယ်သော အာရုံကြောများရှိခြင်းကြောင့် ဖြစ်သည်။ လေကိုတိုးဝှေ့ပျံသန်းနေစဉ် ရှေ့၌တိုက်မိစရာ တစ်ခုခုရှိခဲ့သော် အတောင်နှင့် နားရွက်တို့၌ရှိသော အာရုံကြော များအားဖြင့် လျင်မြန်စွာသိနိုင်သည့်အလျောက် ရှောင်ရှားကာ ပျံသန်းနိုင်ကြလေသည်။ သို့ဖြစ်၍ လင်းနို့များသည် ပျံလွှားငှက်များနည်းတူ ကွေ့ကွေ့ ကောက်ကောက်၊ ပတ်ကာ၊ လှည့်ကာ၊ စိုက်ကာဖြင့် ပျံသန်းနိုင်စွမ်းရှိသည့်အပြင် တောကြီးမျက်မည်းထဲ၌ အလွန်မှောင်မိုက်သော ညဉ့်အချိန်၌ပင်လျှင် သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်၊ တစုံတခုကိုမျှ မတိုက်မခိုက်မိဘဲ အစာဖြစ်သော ပိုးကောင်မွှားကောင်တို့ကို လိုက်လံဖမ်းဆီးနိုင်ကြလေသည်။ ဤ ကဲ့သို့ မှောင်မိုက်နေသာအခါမျိုးတွင် လင်းနို့များသည် မျက်စိဖြင့်မြင်နိုင်သည်ထက် အတောင်နှင့် နားတို့၌ရှိသော အာရုံကြောများဖြင့် ဘေးရန်မထိအောင် ပျံသန်းနိုင်ကြလေသည်။ လင်းနို့များသည် မျက်နှာပြင်အပြန့်မှထ၍ မပျံသန်းနိုင်ကြသဖြင့် မြေပြင်ပေါ်သို့ သက်ဆင်းလေ့မရှိကြချေ။ မြေပြင်ပေါ်သို့ မတော်တဆကျမိလျှင် အလွန်ခဲခဲယဉ်းယဉ်းဖြင့် တွားသွားရလေသည်။ အမြင့်သို့ အနည်းငယ်တက်ပြီးမှ လိုရာသို့ထ၍ ပျံသန်းနိုင်ကြသည်။ အိပ်တန်းတစ်ခုတည်းတွင် လင်းနို့ပေါင်းများစွာစု၍ အိပ်လေ့ရှိသည်။ မှောင်စပျိုး၍ မှောင်ရိပ်လွှမ်းလာချိန်ရောက်မှ ပျားအုပ်ကြီးသဖွယ် အပြင်သို့ အုပ်လိုက်ချီ၍ ပျံထွက်လေ့ရှိကြသည်။ လင်းနို့များသည် ပေါက်ပွားလာသော သားငယ်များအတွက် အသိုက်ဖွဲ့ပေးလေ့မရှိကြ။ လင်းနို့မတို့သည် သူတို့၏သားငယ်များကို အတောင်ဖြင့်ပိုက်ထွေးကာ ရင်နို့ကို တိုက် ယကျွေးလျက် မွေးမြူထားကြလေသည်။ သားငယ်သည် မိခင်၏ကိုယ်တွင် ခြေလက်မြဲမြံစွာ တွယ်ကပ်နိုင်စွမ်းရှိလာသည့်အခါ မိခင်သည် သားငယ်နှင့် အတူ ညဉ့်အချိန်၌ အစာရှာထွက်လေ့ရှိသည်။ ရံဖန်ရံခါ မိခင်သည် သားငယ်တို့ကို သစ်ပင်များတွင် သစ်ရွက်မျာအကြား၌ ဖုံးကွယ်၍ ထားခဲ့ တတ်ကြသည်။ ဤနည်းအားဖြင့် လင်းနို့ငယ်တို့သည် တစတစနှင့် အပြင်သို့ထွက်၍ အပျံသင်ကြလေသည်။ လူတို့သည် များသောအားဖြင့် လင်းနို့များကို မုန်းတီးရွံရှာတတ်ကြရာ လင်းနို့ကိုမြင်လျှင် သတ်ပစ်ချင်ကြသည်။ လင်းနို့၏ ပုံပန်းသဏ္ဌာန်မှာ အမြင်ရဆန်းသလောက် နေထိုင်ပုံကလည်း အခြားတိရစ္ဆာန်တို့နှင့်မတူ၊ စောက်ထိုးပြောင်းပြန် ခြေဖြင့်ချိတ်၍ တွဲလွဲဆွဲကာ နေလေ့ရှိကြသဖြင့် အထင်သေး အမြင်သေး ခံရကြလေသည်။ သို့ရာတွင် လင်းနို့များသည် သီးနှံဖျက်ပိုးမွှားတို့ကို စားသောက်ဖျက်ဆီးပစ်ရုံမျှမက လင်းနို့ချေးကိုလည်း မြေဆီလွှာတွင် ဩဇာဖြည့်လောင်းရန်အတွက် အသုံးချနိုင်သဖြင့် လူ၏မိတ်ဆွေကောင်းများဟု ဆိုရချေမည်ဖြစ်သည်။ အမေရိကတိုက် အလယ်ပိုင်းဒေသနှင့် တောင်အမေရိကတိုက်တို့ ယတွင် တွေ့ရှိရသော သွေးစုတ်လင်းဆွဲမျိုးအချို့မှာ ကျွဲ၊ နွား၊ မြင်းစသော တိရစ္ဆာန်တို့၏ ကျောပေါ်တွင်နား၍ သွေးစုတ်လေ့ရှိကြရာ တခါတရံ သွေးစုတ်ခံရသော တိရစ္ဆာန်တို့သည် သွေးအားနည်း၍ အသက်ပင် ဆုံးရ ယတတ်သည်။ ထိုသွေးစုတ်လင်းဆွဲတို့သည် အိပ်ပျော်နေသော လူများ၏ သွေး ကိုပင် စုတ်ယူတတ်ကြသည်။ လင်းနို့များသည် အလွန်ရှေးကျသော တိရစ္ဆာန်မျိုးထဲမှဖြစ်၍ လင်းနို့အတောင်ကို သေချာစွာ စစ်ဆေးကြည့်ရှုလျှင် အရိုးများ၏ အနေအထားများမှာ လူ၏ လက်ချောင်းများ အနေအထားနှင့် ခပ်ဆင်ဆင်တူ သည်ကိုတွေ့ရမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် လင်းနို့ ၁၂ မျိုးမျှရှိလေသည်။ လင်းနို့သည် ခိုင်ရော့ပတာရာဟူသော နို့တိုက်သတ္တဝါမျိုးစဉ်တွင်ပါဝင်သည်။

Read next

In 184 languages

myAfrikaansአማርኛaragonésÆngliscالعربيةمصرىঅসমীয়াasturianuAtikamekwKotavaAymar aruazərbaycancaتۆرکجهBasa Baližemaitėškaбеларуская (тарашкевіца)беларускаябългарскиবাংলাbrezhonegbosanskiбуряадcatalà閩東語 / Mìng-dĕ̤ng-ngṳ̄CebuanoTsetsêhestâheseکوردیcorsučeštinakaszëbscziчӑвашлаCymraegdanskdagbanliDeutschThuɔŋjäŋZazakiKadazandusunΕλληνικάemiliàn e rumagnòlEnglishEsperantoespañoleestieuskaraestremeñuفارسیsuomiNa Vosa Vakavitiføroysktfɔ̀ngbèfrançaisNordfriiskFryskGaeilge贛語GàidhliggalegoAvañe'ẽBahasa HulontaloગુજરાતીwayuunaikiHausa客家語 / Hak-kâ-ngîעבריתहिन्दीhrvatskiKreyòl ayisyenmagyarinterlinguaJaku IbanBahasa IndonesiaIdoíslenskaitaliano日本語JawaქართულიTaqbaylitKabɩyɛGĩkũyũқазақшаಕನ್ನಡ한국어перем комиکٲشُرkurdîkernowekкыргызчаLatinaLingua Franca NovaLimburgsLigureLadinlingálalietuviųlatgaļulatviešuMadhurâमैथिलीмокшеньMalagasyмакедонскиമലയാളംमराठीкырык марыBahasa MelayuэрзяньمازِرونیNapulitanoNedersaksiesनेपालीनेपाल भाषाLi NihaNederlandsnorsk nynorsknorskNovialNouormandDiné bizaadoccitanlivvinkarjalaଓଡ଼ିଆиронਪੰਜਾਬੀKapampanganPicardpolskiPiemontèisپنجابیportuguêsRuna Simiikirundiromânăarmãneashtitarandíneрусскийрусиньскыйсаха тылаᱥᱟᱱᱛᱟᱲᱤsardusicilianuScotsسنڌيsrpskohrvatski / српскохрватскиTaclḥitSimple EnglishslovenčinaslovenščinachiShonaSoomaaligashqipсрпски / srpskiSeelterskSundasvenskaKiswahiliślůnskiSakizayaதமிழ்తెలుగుтоҷикӣไทยTagalogtoki ponaTürkçeئۇيغۇرچە / UyghurcheукраїнськаاردوTiếng ViệtWest-VlamswalonWinaray吴语хальмгייִדישYorùbáVahcuenghZeêuws閩南語 / Bân-lâm-gí粵語中文isiZulu

Text from Wikipedia, CC BY-SA 4.0 · Source article