factograf
RKI

သတ္တဗေဒ

သတ္တဗေဒ

သတ္တဗေဒ (ပါဏဗေဒ‎) ဆိုရေမှာ သတ္တဝါတိအကြောင်းကို လိလာသည့် ပညာတရပ်ဖြစ်ပြီး ဇီဝဗေဒမှ ခွဲထွက်လာသည့် ဘာသာ တစ်မျိုးဖြစ်ပါရေ။ သတ္တဗေဒမှာ သတ္တဝါဧ ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးဝင်ပုံ၊ ပြုမူနီထိုင်ပုံနန့် ဆင့်ကဲပြောင်းလဲပုံတိအား အဓိကထားလိလာသုံးသပ်သည့် သက်ဟိဆိုင်ရာ သိပ္ပံပညာတစ်ရပ်ပင် ဖြစ်ရေ။

သမိုင်း

Conrad Gessner (1516–1565). သူဧ တိရစ္ဆာန်တိဧသမိုင်း ကို ခေတ်သစ်သတ္တဗေဒဧ အစအဖြစ်သတ်မှတ်ထားရေ။
Conrad Gessner (1516–1565). သူဧ တိရစ္ဆာန်တိဧသမိုင်း ကို ခေတ်သစ်သတ္တဗေဒဧ အစအဖြစ်သတ်မှတ်ထားရေ။

ရှေးခေတ်မှ ဒါဝင်ခေတ်ကာလအထိ

အဓိကဆောင်းပါး သတ္တဗေဒသမိုင်း (၁၈၅၉ ခုနှစ်)

သတ္တဗေဒဧသမိုင်းရေ ရှေးခေတ်မှ ဂနိခေတ်အထိ တိရစ္ဆာန်နယ်ပယ် လိလာခြင်းပညာရပ်ဧ ဖြစ်ပေါ်တိုးတက်လာခမှုအကြောင်းကို ဖော်ပြရေ။ တစ်ခုတည်းရေ ကြောင်းကျိုးညီညွတ်သည့် နယ်ပယ်တစ်ရပ်အဖြစ် သတ္တဗေဒ အယူအဆရေ နှောင်းကာလတိစွာ၌ ပေါ်ပေါက်ခကေလည်း ရှေးဟောင်း ဂရိ - ရောမယဉ်ကျေးမှုခေတ်မှ အရစ္စတိုတယ်နန့် ဂေးလန်ရို့ဧ ဇီဝဗေဒဆိုင်ရာ လက်ရာတိမှ အစပြုဖြစ်ပေါ်လာရေ (သက်ဟိတိအကြောင်းစူးစမ်းလိလာသည့်ပညာရပ်) သဘာဝသမိုင်းမှ သတ္တဗေဒနန့်ဆိုင်ရေ လောကဓာတ်ပညာရပ်တိ ပေါ်ထွန်းလာခရေ။ ဒေရှေးဟောင်းလက်ရာကို အလယ်ခေတ်ကာလတိ၌ ပို၍ ချဲ့ထွင်တိုးတက်စေသူတိမှာ အယ်လ်ဘာတပ်စ် မဲဂ်နပ်စ် ကဲ့သို့ရေ ပညာသျှင်တိနန့် မွတ်စလင်သမားတော်တိဖြစ်ကတ်ရေ။ ရီနေဆန်းခေတ်နန့် ခေတ်သစ်အစောပိုင်းကာလတိ အတွင်း၌ပင် သတ္တဗေဒဆိုင်ရာ အတွေးအခေါ်တိရေ ဥရောပ၌ လက်တွိ့မျက်မြင်သဘောတရားနန့် ဆန်းသစ်ရေသက်ဟိတိကို ရှာဖွေတွိ့ဟိခြင်းအားဖြင့် တော်လှန်ပြောင်းလဲခရေ။ ဒီလှုပ်ရှားမှု၌ ထင်ရှားရေသူရို့မှာ အန်းဒရိယ ဗီဆေးလိယပ် နန့် ဝီလျံ ဟာဗေးရို့ဖြစ်ကတ်ရေ။ ၎င်းရို့ရေ ဇီဝကမ္မဗေဒ၌ စမ်းသပ်ချက်တိနန့် အထူးပြုလိလာခြင်းတိကို လုပ်ဆောင်ခကတ်ရေ။   သက်ဟိ(အပင်၍ တိရစ္ဆာန်)တိလိလာသူပညာသျှင်တိ Carl Linnaeus၊ Jean-Baptiste Lamarck နန့် Buffon ရို့ရေ သက်ဟိတိဧ မျိုးကွဲတိ၊ ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတိ၊ သက်ဟိတိဧ အပြုအမူနန့် ဖွံ့ဖြိုးတိုးတက်လာခြင်း စရေရို့ကို စနစ်တကျခွဲခြားခကတ်ရေ။ အဏုကြည့်မှန်ပြောင်းအသုံးချခြင်းရေ ယခင်ကမသိရေသေးငယ်ရေဇီဝသက်ဟိတိဧ ကမ္ဘာကြီးကိုဖော်ထုတ်ခပြီး ဆဲလ်သီအိုရီအတွက် အခြေခံဖြစ်ရေ။ စက်မှုအတွေးအခေါ်ဧ မြင့်တက်မှုကို တစ်စိတ်တစ်ပိုင်း တုံ့ပြန်မှုအဖြစ် (ကြောင်းကျိုး၊ သဘာဝအတွိ့အကြုံကို အခြေခံရေ လောကဖန်တီးသျှင် ဟိ/မဟိ) သဘာဝဘာသာရီးစနစ်ဧ ကြီးထွားလာရေအရီးပါမှုရေ (သက်ဟိတိအကြောင်းစူးစမ်းလိလာရေ) သဘာဝသမိုင်း ကြီးထွားမှုကိုအားပီးခရေ (ယကေလည်းရေ သဘာဝသမိုင်းပညာရပ်ရေ လောကဖန်တီးသျှင် ဟိ/မဟိ အခြေတင်အငြင်းပွားမှုကို တည်ဆောက်အမြစ်တွယ်စေခရေ။)

၁၈၊ ၁၉၊ ၂၀ ရာစုနှစ်တိတွင် သတ္တဗေဒရေ ပညာရပ်ဆန်သည့် သိပ္ပံနည်းကျဘာသာရပ်တစ်ခု ဖြစ်လာရေ။ အလက်ဇန္ဒားဗွန်ဟမ်ဘော့လ်ကဲ့သို့ရေ သဘာဝသမိုင်း စူးစမ်းလိလာသူ တိရေ သက်ဟိတိနန့် ၎င်းရို့ဧပတ်ဝန်းကျင်အကြား အပြန်အလှန်အကျိုးသက်ရောက်မှုကိုစုံစမ်းစစ်ဆေးခရေ။ ဒေဆက်နွယ်မှုရေပထဝီဝင်အနီအထားပေါ်တွင်မူတည်ရေ။

Read next

In 161 languages

rkiAfrikaansAlemannischaragonésالعربيةمصرىঅসমীয়াasturianuazərbaycancaбашҡортсаBoarischBikol Centralбеларуская (тарашкевіца)беларускаябългарскиभोजपुरीပအိုဝ်ႏဘာႏသာႏবাংলাbrezhonegbosanskicatalàکوردیcorsučeštinaчӑвашлаCymraegdanskDeutschZazakiΕλληνικάEnglishEsperantoespañoleestieuskaraestremeñuفارسیsuomiNa Vosa VakavitifrançaisarpetanfurlanFryskGaeilgekriyòl gwiyannenGàidhliggalegoગુજરાતીGaelgHausaעבריתहिन्दीhrvatskihornjoserbscemagyarհայերենinterlinguaBahasa IndonesiaInterlingueIgboIlokanoIdoíslenskamedžuslovjanskyitaliano日本語Patoisla .lojban.JawaქართულიQaraqalpaqshaTaqbaylitқазақшаಕನ್ನಡYerwa Kanuri한국어کٲشُرkurdîкыргызчаLatinaLadinoLëtzebuergeschLimburgsLigurelietuviųlatviešuमैथिलीBasa BanyumasanMalagasyолык мариймакедонскиമലയാളംмонголमराठीкырык марыBahasa MelayuMaltiMirandésမြန်မာဘာသာPlattdüütschनेपालीनेपाल भाषाLi NihaNederlandsnorsk nynorsknorskNovialNouormandoccitanOromooଓଡ଼ିଆиронਪੰਜਾਬੀpolskiپنجابیپښتوportuguêsRuna Simiromânăрусскийрусиньскыйсаха тылаsicilianuScotsسنڌيsrpskohrvatski / српскохрватскиසිංහලSimple EnglishslovenčinaslovenščinachiShonashqipсрпски / srpskiSundasvenskaKiswahiliதமிழ்తెలుగుtetunтоҷикӣไทยTürkmençeTagalogTürkçeтатарча / tatarçaудмуртукраїнськаاردوoʻzbekcha / ўзбекчаTiếng ViệtVolapükwalonWinaray吴语მარგალურიייִדישⵜⴰⵎⴰⵣⵉⵖⵜ ⵜⴰⵏⴰⵡⴰⵢⵜ閩南語 / Bân-lâm-gí粵語中文isiZulu

Text from Wikipedia, CC BY-SA 4.0 · Source article