factograf
RKI

ဒြပ်စင်

ဒြပ်စင်
ဒြပ်စင်အလှည့်ကျဇယား
ဒြပ်စင်အလှည့်ကျဇယား

ဒြပ်စင်ဆိုရေမှာ ဓာတုဗေဒ နည်းလမ်းအရ အောက်ထပ် မခွဲစိတ်နိုင်တော့သည့် ဒြပ်ဝတ္ထုကို ဆိုလိုရေ။ ဒြပ်စင်ဧ အသေးငယ်ဆုံးရေ အပိုင်းမှာ အက်တမ်ဖြစ်ရေ။ အက်တမ်တွင် ပရိုတွန်၊ နျူထရွန်နန့် အီလက်ထရွန်တိ ပါဝင် ဖွဲ့စည်းထားရေ။

ဒြပ်စင်တွင် အက်တမ်တမျိုးတည်းသာ ပါဝင်ပြီး ဒြပ်စင်တမျိုးဧ အက်တမ်ဟိ ပရိုတွန် အရီအတွက်ကို အက်တောမစ်နံပါတ်(Atomic Number) ဟု ခေါ်ရေ။ ဥပမာ နျူကလိယတွင် ပရိုတွန် ၆ ခုပါဝင်သည့် အက်တမ်တိမှာ ကာဗွန်ဒြပ်စင်ဖြစ်ပြီး ပရိုတွန် ၉၂ ခုပါဝင်သည့် အက်တမ်တိမှာ ယူရေနီယမ်ဖြစ်ရေ။ လက်ဟိ ခေတ်သစ် ဓာတုဗေဒတွင် ဒြပ်စင် အမျိုးအစားပေါင်း ၁၁၈ မျိုးကို တွိ့ဟိထားပြီး ယင်းရို့အနက် ဒြပ်စင်အမျိုး ၉၈ ကို သဘာဝဝန်းကျင်တွင် တွိ့ဟိနိုင်ရေ။ အခြားဒြပ်စင်တိကိုမူ ဓာတ်ခွဲခန်းတွင် ဖွဲ့စည်းရယူနိုင်ရေ။ သိပ္ပံပညာသျှင်တိ ဓာတ်ခွဲခန်းအတွင်း ၁၉၃၇ ခုနှစ်တွင် ပထမဦးဆုံး ဖွဲ့စည်းယူခသည့် ဒြပ်စင်မှာ တက္ကနက်တီယမ်ဖြစ်ပြီး လူလုပ်ဒြပ်စင်တိရေ ရေဒီယိုသတ္တိကြွသတ္တုတိဖြစ်ကာ တည်ငြိမ်မှုမဟိပါ။

ဒြပ်စင်တိကို ဒြပ်စင်အလှည့်ကျဇယား (periodic table) တွင် စီစဉ်ထည့်သွင်းထားရေ။ ဒြပ်စင်တမျိုးဧ အက်တမ် နျူကလိယအတွင်း နျူထရွန်အရီအတွက် ကွဲပြားပါက ၎င်းရို့အား အိုင်ဆိုတုပ်တိဟု ခေါ်ရေ။ ဒြပ်စင်တမျိုးစီအတွက် ဓာတုသင်္ကေတ တခုစီ သတ်မှတ်ထားရေ။ ဒေသင်္ကေတတိမှာ ယင်းရို့ဧ အင်္ဂလိပ် သို့မဟုတ် လက်တင် နာမည်တိဧ အတိုကောက်ဖြစ်ရေ။ (ဥပမာ ကာဗွန်အတွက် 'C'၊ ဆိုဒီယမ်အတွက် လက်တင်နာမည် Natrium ဧ အတိုကောက်'Na' ဟု သတ်မှတ်ထားရေ။) ဒြပ်စင်တိရေ ဒြပ်ပေါင်းတိအဖြစ် ပေါင်းစည်း (ဓာတ်ပြု) နိုင်ရေ။ (ဥပမာ ရေ၊ ဆား၊ အောက်ဆိုဒ်ဒြပ်ပေါင်းတိနန့် အော်ဂင်းနစ်ဒြပ်ပေါင်းတိ)။ ယေဘုယျအားဖြင့် ယင်းဒြပ်ပေါင်းတိရေ မိမိရို့ဧ သီးခြားဖွဲ့စည်းပုံနန့် ဓာတ်သတ္တိ၊ ရုပ်သတ္တိတိ ဟိကတ်ရေ။

အမျိုးအစားခွဲခြားခြင်း

ဒြပ်စင်တိအား ၎င်းရို့ဧ ရုပ်ဖြစ်တည်မှု အခြီအနိကို မူတည်ကာ ပိုင်းခြားနိုင်ရေ။ သာမန် အခန်းအပူချိန်နန့် ဖိအားအောက်တွင် ဒြပ်စင်အတိစုရေ အစိုင်အခဲတိ ဖြစ်ကတ်ရေ။ ဒြပ်စင် ၂ မျိုးသား အရည်ဖြစ်ပြီး အငွေ့အဖြစ် တည်ဟိသည့် ဒြပ်စင်မှာ ၁၁ မျိုးသာဟိရေ။ ဒြပ်စင်တိကိုလည်း သတ္တုနန့် သတ္တုမဟုတ်သည့် ဒြပ်စင်ဟု ခွဲခြားနိုင်သေးရေ။ သတ္တုမဟုတ်သည့်ဒြပ်စင်ထက် သတ္တုဒြပ်စင်က ပိုတိရေ။ ယကေလည်းလည်း အချို့ဒြပ်စင်တိရေ သတ္တုနန့် သတ္တုမဟုတ်သည့် သတ္တိနှစ်မျိုးစလုံး ပိုင်ဆိုင်ထားရေ။ ၎င်းရို့အား semi-metals သို့မဟုတ် metalloids ဟုခေါ်ကတ်ရေ။

Read next

In 188 languages

rkiAcèhAfrikaansAlemannischአማርኛaragonésÆngliscअंगिकाالعربيةالدارجةمصرىঅসমীয়াasturianuazərbaycancaتۆرکجهбашҡортсаBasa BaližemaitėškaBikol Centralбеларуская (тарашкевіца)беларускаябългарскиभोजपुरीBislamaပအိုဝ်ႏဘာႏသာႏবাংলাbrezhonegbosanskiбуряадcatalà閩東語 / Mìng-dĕ̤ng-ngṳ̄CebuanoکوردیqırımtatarcačeštinaчӑвашлаCymraegdanskDeutschΕλληνικάEnglishEsperantoespañoleestieuskaraestremeñuفارسیsuomivõroføroysktfrançaisfurlanFryskGaeilge贛語kriyòl gwiyannenGàidhliggalegoAvañe'ẽગુજરાતીGaelg客家語 / Hak-kâ-ngîHawaiʻiעבריתहिन्दीFiji HindihrvatskiKreyòl ayisyenmagyarհայերենԱրեւմտահայերէնinterlinguaJaku IbanBahasa IndonesiaInterlingueIlokanoIdoíslenskamedžuslovjanskyitaliano日本語Patoisla .lojban.JawaქართულიTaqbaylitқазақшаភាសាខ្មែរಕನ್ನಡYerwa Kanuri한국어کٲشُرkurdîkernowekкыргызчаLatinaLëtzebuergeschLingua Franca NovaLimburgsLigurelombardlietuviųlatviešuमगहीмокшеньолык марийMinangkabauмакедонскиമലയാളംмонголमराठीBahasa MelayuMaltiမြန်မာဘာသာPlattdüütschनेपालीनेपाल भाषाNederlandsnorsk nynorsknorskNovialNouormandoccitanOromooଓଡ଼ିଆਪੰਜਾਬੀPapiamentupolskiPiemontèisپنجابیپښتوportuguêsRuna Simiromânătarandíneрусскийрусиньскыйसंस्कृतम्саха тылаsardusicilianuScotsسنڌيsrpskohrvatski / српскохрватскиTaclḥitසිංහලSimple EnglishslovenčinaslovenščinachiShonaSoomaaligashqipсрпски / srpskiSeelterskSundasvenskaKiswahiliதமிழ்తెలుగుtetunтоҷикӣไทยTagalogtoki ponaTürkçeтатарча / tatarçaтыва дылукраїнськаاردوoʻzbekcha / ўзбекчаvènetovepsän kel’Tiếng ViệtWest-VlamsVolapükWinarayWolof吴语isiXhosaმარგალურიייִדישYorùbáⵜⴰⵎⴰⵣⵉⵖⵜ ⵜⴰⵏⴰⵡⴰⵢⵜ文言閩南語 / Bân-lâm-gí粵語中文isiZulu

Text from Wikipedia, CC BY-SA 4.0 · Source article