Windows 2000 သည် မိုက်ခရိုဆော့ဖ်၏ client နှင့် server ကွန်ပျူတာအဖြစ် နှစ်မျိုးစလုံး အသုံးပြုနိုင်သော ကွန်ပျူတာ မောင်းနှင်ရေးစနစ်တစ်ခုဖြစ်သည်။ ယင်းအား ၁၉၉၉ ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်လုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇၊ ၂၀၀၀ ခုနှစ်တွင် release လုပ်ခဲ့သည်။ "Windows NT" ဟုသုံးနှုန်းခေါ်ဆိုသော Series များထဲတွင် ယင်းသည် နောက်ဆုံးဗားရှင်းတစ်ခု ဖြစ်ပေသည်။ နောက်ပိုင်းတွင် Windows XP (အောက်တိုဘာ ၂၀၀၁) နှင့် Windows Server 2003 (ဧပြီ ၂၀၀၃) တို့က ဗားရှင်းအသစ်ဖြင့် ဝင်ရောက်လာခဲ့သည်။ မိုက်ခရိုဆော့ဖ်သည် Windows 2000 ၏ Edition ၄ ခုအား Professional, Server, Advanced Server နှင့် Datacenter Server ဟူ၍ လပိုင်းခြားကာ အသီးသီး release လုပ်ခဲ့သည်။ မတူညီသော ဘာသာစကားများကိုလည်း ထည့်သွင့်ခဲ့ကာ os ၏ ဗားရှင်းအားလုံးတွင် NTFS 3.0 ကိုလည်း ထောက်ပံ့ပေးခဲ့သည်။ Windows 2000 Server မိသားစုတွင် အပိုဆောင်း features များ ပါဝင်လာခဲ့ပြီး Active Directory ဝန်ဆောင်မှုများ၊ Distributed File System အစရှိသည်တို့ ပါဝင်လာခဲ့သည်။ ယင်းအချိန်အခါက Windows 2000 သည် အလုံခြုံဆုံးသော OS ဗားရှင်းတစ်ခုလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း Red Code နှင့် Nimda ကဲ့သို့သော ဗိုင်းရစ်များ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ Release လုပ်ပြီး ၁၀ နှစ်ကြာသည်အထိ လုံခြုံရေးအတွက် patches များကို ယင်း၏သက်တမ်းကုန်ဆုံးချိန် ၂၀၁၀ ခုနှစ်အထိ လက်ခံရရှိခဲ့သည်။
