factograf
MY

အမေရိကန်ရုပ်ရှင်ဇာတ်ကား

Star Wars

Star Wars
All data from the card 7
ဖန်တီးသူ
ဂျော့ဂျ် လူးကပ်စ်
မူလ လုပ်ငန်း
Star Wars (၁၉၇၇)
ဝတ္ထု
ဝတ္တုများ စာရင်း
ရုပ်ပြ
ရုပ်ပြစာအုပ် စာရင်း
ဗီဒီယိုဂိမ်း
ဗီဒီယိုဂိမ်းများ စာရင်း
ကစားစရာများ
Action figures Die-casts and model toys Chess and soldiers Other
Theme parks
Star Tours Jedi Training: Trials of the Temple Star Tours–The Adventures Continue Star Wars Land

Star Wars (ကြယ်တာရာ စစ်ပွဲများ) သည် ဂျော့ဂျ် လူးကပ်စ် ဖန်တီးသော ရုပ်ရှင်ဇာတ်လမ်းတွဲကို ဗဟိုပြုသည့် အမေရိကန် အာကာသသိပ္ပံ စိတ်ကူးယဉ် ရုပ်သံဇာတ်လမ်းတွဲများ ဖြစ်သည်။ အဆိုပါဇာတ်လမ်းတွဲများကို "ရှေးသရောအခါက အလွန်တရာဝေးကွာလှသော ကြယ်တာရာစုတစ်ခု၌ရှိကြသော" ဇာတ်ကောင်အမျိုးမျိုး၏ စွန့်စားခန်းများဖြင့် သရုပ်ဖော်ထားသည်။

ထိုရုပ်သံဇာတ်လမ်းတွဲများကို ၁၉၇၇ ခုနှစ်တွင် ထုတ်လုပ်သော (၁၉၈၁ ခုနှစ်တွင် Episode IV: A New Hope ဟု အမည်ပြောင်းလဲခဲ့သည့်) Star Wars ရုပ်ရှင်ဖြင့် စတင်ခဲ့ပြီး ကမ္ဘာတဝန်း လူငယ်များအကြား ရေပန်းစားကျော်ကြားလာခဲ့သည်။ ထိုရုပ်ရှင်၏နောက် ဆက်လက်ရိုက်ကူးခဲ့သော The Empire Strikes Back (၁၉၈၀) နှင့် Return of the Jedi (၁၉၈၃) တို့သည်လည်း ၎င်းနည်းတူ အောင်မြင်ခဲ့ပြီး အဆိုပါ ရုပ်ရှင် သုံးကားကိုပေါင်း၍ Star Wars ၏ မူရင်း သုံးကားတွဲ ဇာတ်လမ်း ဟုခေါ်သည်။ အဆိုပါမူရင်းဇာတ်လမ်းများ၏ အကြို သုံးကားတွဲ ဇာတ်လမ်းကို ၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ဖြန့်ချိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားများနှင့် ပရိသတ်များထံမှ အမျိုးမျိုးသော တုံ့ပြန်မှုများကို ရရှိခဲ့သည်။ နောက်ဆက်တွဲ သုံးကားတွဲ ဇာတ်လမ်းကိုလည်း ၂၀၁၅ ခုနှစ်တွင် Star Wars: The Force Awakens ကို ဖြန့်ချိ၍ စတင်ခဲ့သည်။ Star Wars ရုပ်ရှင် ခုနှစ်ကားလုံး အကယ်ဒမီဆု အတွက် လျာထားခြင်းခံခဲ့ရပြီး ပထမဆုံး နှစ်ကားမှာ ဆုရရှိခဲ့သည်။ ငွေကြေးပိုင်းအနေဖြင့်လည်း ရုံဝင်ငွေ ၇ ဒဿမ ၅ သန်းကျော်အထိ အမြတ်ရခဲ့သောကြောင့် Star Wars ဇာတ်လမ်းတွဲများသည် ဝင်ငွေ တတိယအကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Star Wars ၏ ရုပ်ရှင်ဇာတ်လမ်းခွဲများ တွင် Star Wars: The Clone Wars (၂၀၀၈) အမည်ရှိ အန်နီမေးရှင်းဇာတ်လမ်းတွဲ နှင့် Rogue One (၂၀၁၆) တို့ပါဝင်ပြီး Rouge One မှာ ပထမဆုံး စာအုပ်မှ ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်သည်။

Read next

In 148 languages

myадыгабзэAlemannischአማርኛaragonésالعربيةالدارجةمصرىasturianuazərbaycancaتۆرکجهBasa BaliBoarischBikol Centralбеларуская (тарашкевіца)беларускаяBetawiбългарскиभोजपुरीবাংলাbrezhonegbosanskicatalàнохчийнCebuanoکوردیčeštinaCymraegdanskDeutschThuɔŋjäŋZazakiΕλληνικάemiliàn e rumagnòlEnglishEsperantoespañoleestieuskaraestremeñuفارسیsuomiføroysktfrançaisarpetanFryskGaeilgeGàidhliggalegoગુજરાતીGaelg客家語 / Hak-kâ-ngîעבריתहिन्दीhrvatskiKreyòl ayisyenmagyarհայերենinterlinguaBahasa IndonesiaIlokanoгӀалгӀайIdoíslenskaitaliano日本語JawaქართულიTaqbaylitқазақшаಕನ್ನಡ한국어RipoarischkurdîkernowekкыргызчаLatinaLëtzebuergeschLigurelombardລາວlietuviųlatviešuMāoriMinangkabauмакедонскиമലയാളംмонголꯃꯤꯇꯩ ꯂꯣꯟमराठीBahasa MelayuمازِرونیNapulitanoनेपाल भाषाNederlandsnorsk nynorsknorskoccitanlivvinkarjalaਪੰਜਾਬੀPangasinanKapampanganPicardpolskiPiemontèisپنجابیportuguêsRuna Simiromânăрусскийсаха тылаsardusicilianuScotssrpskohrvatski / српскохрватскиSimple EnglishslovenčinaslovenščinaSoomaaligashqipсрпски / srpskiSundasvenskaKiswahiliślůnskiதமிழ்тоҷикӣไทยTagalogtoki ponaTürkçeтатарча / tatarçaئۇيغۇرچە / Uyghurcheукраїнськаاردوoʻzbekcha / ўзбекчаvènetovepsän kel’Tiếng ViệtVolapükWinaray吴语isiXhosaייִדיש文言閩南語 / Bân-lâm-gí粵語中文

Text from Wikipedia, CC BY-SA 4.0 · Source article