NGC 3982 သည် အလယ်အလတ်တန်းစား ခရုပတ်ပုံစံ ဂလက်ဆီဖြစ်ပြီး ကြယ်စုတန်း အာရှာ မေဂျာမှ အလင်းနှစ် သိန်းပေါင်း ၆၈ ကွာဝေးသည်။ ယင်းအား UGC 6918 ဟုလည်းသိထားသည်။ ၁၇၈၉ ခုနှစ် ဧပြီလ ၁၄ ရက်တွင် ဝီလီယံ ဟာရှယ်မှ ရှာဖွေတွေ့ရှိခဲ့ပြီး ဂြိုဟ်ဆိုင်ရာ နက်ဗျူလာဟု မှားယွင်းသတ်မှတ်ခဲ့သည်။ NGC 3982 သည် M109 Group ၏ အစိတ်အပိုင်းဖြစ်သည်။ မြင်သာသော အရွယ်အစား ၁၂.၀ တွင် မြင်နိုင်ရန် တယ်လီစကုပ် လိုအပ်မည်ဖြစ်သည်။ တယ်လီစကုပ်အသေးစားဖြင့်ကြည့်ပါက ဂယ်လက်ဆီသည် အလွန်မှေးမှိန်စွာ ပေါ်လာမည်ဖြစ်သည်။
ယေဘုယျ
NGC 3982 သည် Seyfert ဂယ်လက်ဆီဖြစ်ပြီး နဂါးငွေ့တန်း ဂယ်လက်ဆီ၏ သုံးပုံတစ်ပုံအရွယ်အစားရှိသော အလင်းနှစ် ၃၀၀၀၀ အထိ ကျယ်ပြောလှသည်။ ဂယ်လက်ဆီသည် မိမိတို့ဆီမှ တစ်က္ကန့်လျင် ၁၁၉ ကီလိုမီတာနှုန်းဖြင် ဝေးရာသို့ပြေးနေသည်။ ဂယ်လက်ဆီသည် ကျွန်တော်တို့ မိခင်ဂယ်လက်ဆီနှင့် ဆင်တူကာ အလယ်ဗဟိုတွင် တွင်းနက်တည်ရှိပြီး ခရုပတ်လက်မောင်းအနားတွင် ကြယ်များ ဖွဲ့တည်လျက်ရှိသည်။ ယင်းနေရာများတွင် ဆူပါနိုဗာများအား ရှာတွေ့ရတတ်သည်။
ဆူပါနိုဗာ 1998aq
၁၉၉၈ ခုနှစ်တွင် NGC 3982 တွင် ဆူပါနိုဗာတစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းအား ဗြိတိသျှလူမျိုး ဝါရင့်နက္ခတ္တပညာရှင် Mark Armstron မှ ရှာဖွေတွေ့ရှိခဲ့ပြီး တွေ့ရှိချိန်တွင် မြင်သာသော အရွယ်အစား ၁၄.၉ ရှိခဲ့သည်။ ယင်းသည် ၂ ရက်ခန့် တောက်ပနေခဲ့သည်။ ဆူပါနိုဗာဖြစ်ရပ်များသည် နှစ်တစ်ရာကြာတိုင်း ဖြစ်ပွားလေ့ရှိကာ နက္ခတ္တပညာရှင်များသည် NGC 3982 အား အဆင့်မြင့်တယ်လီစကုပ်များဖြင့် လေ့လာရန် စိုင်းပြင်လျက်ရှိကြသည်။
ကျမ်းကိုး

ပြင်ပလင့်
- Spiral Galaxy NGC 3982 @ SEDS NGC objects pages 27 September 2006 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး.
- The Distance to Supernova 1998aq in NGC3982 Arxiv, 2001
- NGC 3982 at ESA/Hubble 11 March 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး.
- Circumnuclear Star Forming Activity in NGC 3982 4 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး.
