factograf
MY
Sign in

တရုတ် လူသုံးကုန် အီလက်ထရောနစ်ကုမ္ပဏီ

Meizu

Meizu

Key facts

စတင်တည်ထောင်ခြင်း2003
ကနဦး အားဖြင့်စီးပွားရေး, အင်တာပရိုက်စ်
နိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံ
All data from the card 5
ဆော့ဖ်ဝဲလ်ရေးသူ(များ)
Meizu ကုမ္ပဏီ
ပထမဆုံး ဖြန့်ချိခြင်း
၁၂ ဇွန် ၂၀၁၂
တည်ငြိမ်သောထုတ်ပြန်မှု
Flyme OS ဗားရှင်း ၇.၁.၁ / ၁၀ စက်တင်ဘာ ၂၀၁၈
ကွန်ပျူတာစက်လည်ပတ်ရေး စနစ်
အန်းဒရွိုက်
ဝက်ဘ်ဆိုဒ်
flymeos.com


Flyme OS ဆိုသည်မှာ အန်းဒရွိုက်စက်လည်ပတ်မှုစနစ်ပေါ်တွင် အခြေခံ၍ Meizu ကုမ္ပဏီမှရေးဆွဲဖန်တီးထားသည့် စမတ်ဖုန်းများအတွက် ကုမ္ပဏီ၏မူပိုင်စနစ်တစ်ခုဖြစ်သည်။ ၎င်းစနစ်၏လုပ်ဆောင်ချက်တချို့မှာ ပြန်လည်ပြင်ဆင်ရေးဆွဲထားသော အက်ပ်သင်္ကေတများ၊ လက်တစ်ဖက်တည်းဖြင့် အသုံးပြုနိုင်သည့်သွင်ပြင်နှင့် စက်၏စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးထားခြင်းတို့ပင်ဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်များသည် လက်ရှိထွက်ရှိထားသော Flyme ၏ဗားရှင်းများတွင်လည်း ပါဝင်ပြီးဖြစ်သည်။ Flyme တွင် Meizu ကုမ္ပဏီထုတ်စမတ်ဖုန်းများအတွက်သာ ရည်ရွယ်ထားသော mBack ဟုခေါ်သည့် လုပ်ဆောင်ချက်တစ်ခုလည်း ပါဝင်သည်။ အဆိုပါ mBack လုပ်ဆောင်ချက်ကြောင့် ဖုန်းတွင်ပါဝင်ပြီးဖြစ်သည့် Back၊ Home နှင့် Menu ခလုတ်သုံးခုအား အသုံးပြုစရာမလိုဘဲ ခလုတ်တစ်ခုတည်းကိုသာ အသုံးပြု၍ ဖုန်း၏လုပ်ဆောင်ချက်များကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်လမ်းညွှန်ပေးနိုင်သည်။ Back ခလုတ်၏လုပ်ဆောင်ချက်အတွက် အဆိုပါ mBack ခလုတ်အား တစ်ချက်မျှတို့ထိရုံဖြင့်လည်းကောင်း၊ Home ခလုတ်၏လုပ်ဆောင်ချက်အတွက် mBack ခလုတ်အား ဖိနှိပ်ထားခြင်းဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။ ထို့အပြင် မူလအန်းဒရွိုက်စနစ်အားအသုံးပြုထားသည့် စက်ကိရိယာများတွင် မကြာမီကအသုံးပြုထားသည့်အက်ပ်များကို စီမံခန့်ခွဲနိုင်ရန်အတွက် သက်ဆိုင်ရာခလုတ်အား နှိပ်၍ဖြစ်စေ၊ တို့ထိ၍ဖြစ်စေ အသုံးပြုရမည်ဖြစ်သော်လည်း Flyme တွင် ဖုန်းမျက်နှာပြင်၏အောက်ဘက်မှ အပေါ်ဘက်သို့ တစ်ချက်မျှပွတ်ဆွဲရုံမျှဖြင့် အသုံးပြုနိုင်သည်။

အန်းဒရွိက် ၄.၀.၃ ပေါ်တွင်အခြေခံ၍ ရေးဆွဲဖန်တီးထားသည့် Flyme ၏ ကနဦးဗားရှင်း ၁.၀ ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် Meizu ၏စမတ်ဖုန်း MX မော်ဒယ်အတွက် ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင် M9 မော်ဒယ်အတွက်ပါ ထုတ်လုပ်ပေးခဲ့သည်။ Flyme ၏ရိုးရှင်းလှပသည့်သွင်ပြင်ကြောင့် ဝေဖန်သူများကပါ ချီးကျူးခဲ့ကြသည်။

Flyme ဗားရှင်း ၂.၀ ကို ၂၀၁၂ ခုနှစ်အတွင်းမှာပင် MX2 မော်ဒယ်နှင့်အတူ ပွဲထုတ်ခဲ့သည်။ ထိုဗားရှင်း ၂.၀ တွင်မူ အင်တာနက်ပေါ်တွင် သုံးစွဲသူ၏ဒေတာများကို သိမ်းဆည်းပေးနိုင်သည့် Cloud storage ဝန်ဆောင်မှုနှင့် စက်ကိရိယာကို သုံးစွဲသူစိတ်ကြိုက် ထိန်းချုပ်နိုင်ရန်အတွက် Rooting ပြုလုပ်နိုင်သည့်လုပ်ဆောင်ချက်ကိုပါ တစ်ပါတည်းထည့်သွင်းပေးခဲ့သည်။

Flyme ဗားရှင်း ၃.၀ ကို MX3 မော်ဒယ်နှင့် နောက်ပိုင်းတွင် MX2 မော်ဒယ်အတွက်ပါ ထုတ်ပေးခဲ့သည်။ အဆိုပါဗားရှင်း ၃.၀ သည် ယနေ့ခေတ် အန်းဒရွိုက်စနစ်သုံး စက်ကိရိယာများတွင် အသုံးပြုနေသည့် သွင်ပြင်များ၏ ပထမဦးဆုံးသောပုံစံဖြစ်သည်။ Flyme ၃.၀ ကတည်းကပင် ကြည်လင်ပြတ်သားသည့် အသံစနစ်အား ပေါင်းထည့်ပေးခဲ့ပြီး နားကြပ်များဖြင့် ဖုန်းခေါ်ဆိုမှုများ၊ ရုပ်ရှင်ကြည့်ရှုမှုများနှင့် သီချင်းနားဆင်မှုများအတွက် အသံအရည်အသွေးကို ပိုမိုကောင်းမွန်စေခဲ့သည်။

Flyme ၃.၀ တွင် အောင်မြင်မှုရရှိခဲ့ပြီးသည့်နောက် Flyme ဗားရှင်း ၄.၀ ကို ၂၀၁၄ ခုနှစ်တွင် ထုတ်ပေးခဲ့ပြီး Meizu MX4 မော်ဒယ်တွင် စတင်ထည့်သွင်းပေးခဲ့သည်။ အဆိုပါဗားရှင်း ၄.၀ သည် Meizu ကုမ္ပဏီမှထုတ်သည့်စမတ်ဖုန်းများမဟုတ်သော အခြားစမတ်ဖုန်းများတွင်ပါ အသုံးပြုနိုင်သည့် ပထမဆုံး‌သော Flyme ဗားရှင်ပင်ဖြစ်သည်။ တစ်ဖြည်းဖြည်းနှင့် ဆမ်ဆောင်း၊ ဆိုနီ၊ LG နှင့် HTC ကုမ္ပဏီတို့မှထုတ်လုပ်‌သော ဖုန်းများတွင်ပါ ထည့်သွင်းအသုံးပြုနိုင်ရန် တရားဝင်‌ထုတ်လုပ်ပေးခဲ့သည်။ Flyme ကိုကြိုက်နှစ်သက်‌သောပရိသတ်များက OnePlus One ကဲ့သို့ အခြားစက်များတွင်ပါ အသုံးပြုနိုင်ရန် ရေးထားဖန်တီးခဲ့ကြသည်။ Flyme ဗားရှင်း ၄.၅ ကို အန်းဒရွိုက်ဗားရှင်း ၅.၀ ပေါ်တွင်အခြေခံကာ ရေးသားထုတ်လုပ်ခဲ့ပြီး Meizu m2၊ Meizu m2 note နှင့် Meizu MX5 မော်ဒယ်များတွင် ထည့်သွင်းပေးခဲ့သည်။ နောက်ပိုင်းတွင် Meizu MX4၊ Meizu MX4 Pro နှင့် Meizu m1 note မော်ဒယ်များအတွက်ပါ ထုတ်ပေးခဲ့သည်။

Flyme ဗားရှင်း ၅.၀ ကိုမူ စက်ကိရိယာပေါ်မူတည်၍ အန်းဒရွိုက်ဗားရှင်း ၅.၀ နှင့် ၆.၀ အပေါ်အခြေခံကာ ဖန်တီးရေးသားခဲ့သည်။ Meizu ကုမ္ပဏီထုတ်ဖုန်းများအတွက်မူ Flyme အား ပုံစံနှစ်မျိုးဖြင့် ဖန်တီးခဲ့သည်။ တစ်မျိုးမှာ နိုင်ငံတကာတွင် အသုံးပြုမည့်စက်များအတွက် ရည်ရွယ်သော G ဗားရှင်းနှင့် နောက်တစ်မျိုးမှာ တရုတ်ပြည်တွင်းအတွက်ရည်ရွယ်‌သော စက်များတွင်အသုံးပြုသည့် A ဗားရှင်းဟူ၍ ဖြစ်သည်။

အန်းဒရွိုက်ဗားရှင်း ၇.၀ ပေါ်တွင် အခြေခံကာရေးသားဖန်တီးထားသည့် Flyme ဗားရှင်း ၆.၁.၃ သည် Meizu Pro 7 မော်ဒယ်တစ်မျိုးတည်းတွင်သာ အသုံးပြုနိုင်ခဲ့သည်။ Flyme ဗားရှင်း ၆.၁.၀ သည် Flyme ဗားရှင်း ၆.၀ ၏မျိုးကွဲဗားရှင်းများထဲတွင် လူကြိုက်အများဆုံးဗားရှင်းတစ်ခုပင်ဖြစ်သည်။ ၎င်းဗားရှင်းအား Meizu Pro 6 Plus၊ [[M3 Max]]၊ MX6 နှင့် အခြားစက်ကိရိယာမော်ဒယ်များတွင်ပါ အသုံးပြုနိုင်ခဲ့သည်။

Flyme စက်လည်ပတ်မှုစနစ်၏ နောက်ဆုံးထွက်ရှိထားသည့်ဗားရှင်းမှာ ၇.၀ ဖြစ်ပြီး အန်းဒရွိက်စနစ် ၇.၀ ‌အပေါ်တွင်ပင် အခြေခံကာ ရေးသားခဲ့သည်။ ၎င်းဗားရှင်းကို ZTE၊ Huawei နှင့် Meizu 15 စီးရီးမော်ဒယ်များနှင့်အတူ ကြေညာခဲ့သည်။ Flyme စက်လည်ပတ်မှုစနစ်ကို အခြားကုမ္ပဏီထုတ်ဖုန်းများဖြစ်သည့် ZTE၊ Huawei၊ OnePlus 2၊ OnePlus 3၊ [[HTC One M9]]၊ HTC One M8၊ HTC M7 နှင့် အခြားစမတ်ဖုန်းတော်တော်များများတွင်ပါ အသုံးပြုနိုင်သည်။

Read next

In 37 languages

Text from Wikipedia, CC BY-SA 4.0 · Source article