Demon Slayer: Kimetsu no Yaiba (ဂျပန်: 鬼滅の刃 Romaji: Kimetsu no Yaiba, မြန်မာ: နတ်ဆိုးနှိမ်နှင်းသူများ) သည် ဂျပန်နိုင်ငံသား ခို့ယိုဟရု ဂိုတိုဂဲ (Koyoharu Gotoge) ရေးသားထားသောရုပ်ပြ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။
ညီမဖြစ်သူ နဲဇုကို ကာမာဒို (Nezuko Kamado) မှလွဲ၍ မိသားစုတစ်စုလုံး နတ်ဆိုးဘုရင် မူဇန်၏ သတ်ဖြတ်ခြင်းကိုခံရပြီးနောက် တန်ဂျီရို ကာမာဒို (Tanjiro kamado) သည် နတ်ဆိုးနှိမ်နှင်းသူတစ်ယောက် ဖြစ်လာခဲ့ပါသည်။ ဤဇာတ်လမ်းတွင် အဓိက ဇာတ်ဆောင်ဖြစ်သူ တန်ဂျီရို ကာမာဒို (Tanjiro kamado)၏ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ် အနိမ့်အမြင့်၊ အတက်အကျတို့ကို အသားပေး ဖန်တီးထားပြီး ကြည့်ရှုအားပေးသူများအကြား အလွန်အောင်မြင်မှု ရရှိခဲ့သော ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါသည်။ ၂၀၁၆ တွင် Weekly Shōnen Jump က ထုတ်ဝေခဲ့ပြီး ၂၀၁၉ အောက်တိုဘာလတွင် Tankobon က ဖြန့်ဝေခဲ့ပါသည်။