factograf
MY

အပင်

အပင်

Key facts

ကနဦး အားဖြင့်တက်ဆွန်
တက်ဆွန် အမည်Plantae
တက်ဆွန် အဆင့်လောက

အပင်သည် အပင် လောက (Plantae kingdom) တွင် ပါတွင်သော သက်ရှိ (living) ရုပ်စု (organism) ဖြစ်သည်။ အပင်များတွင် တွေ့နေကြ ရုပ်စုများဖြစ်သော သစ်ပင် (tree)၊ ရိုးပျော့ပင် (herb)၊ ခြုံပင် (bush)၊ မြက်၊ နွယ်ပင်၊ မှို၊ ရေညှိ စသည်တို့ ပါဝင်သည်။ လက်ရှိခေတ်အချိန်ကာလအထိ လေ့လာမှုများအရ အပင်မျိုးစိတ်ပေါင်း ၃၅၀,၀၀၀ ရှိသည်ဟု သိပ္ပံပညာရှင်များက အတည်ပြုထားသည်။ လွန်ခဲ့သော ၂၀၀၄-ခုနှစ်က ဆိုလျှင် ၂၈၇,၆၅၅ သာ သိခဲ့သည်။ တစ်ခါတစ်ရံ metaphytes သို့ viridiplantae (အစိမ်းရောင် အပင်များ) သည် သူတို့၏ စွမ်းအင်များကို နေရောင်ခြည်မှ ရယူပြီး ၎င်းကို ဖိုတိုစင်းသစ်စစ် ဟုခေါ်သည်။

အပင်လောက

ကျွန်ုပ်တို့သည် သက်ရှိအရာဟူသရွေ့ကိုအပင်နှင့်သတ္တဝါဟူ၍ နှစ်မျိုးခွဲခြားထားရာ အပင်နှင့် သတ္တဝါများသည် အသွင်အပြင်အားဖြင့် ကွဲပြားကြသော်လည်း အရေးကြီးသော လုပ်ငန်းများနှင့် ဖွဲ့စည်းထားပုံမှာ အခြေခံသဘောအားဖြင့် တူညီကြသည်။ အပင်သည် သတ္တဝါများနည်းတူ အသက်ရှူခြင်း၊ လှုပ်ရှားသွားလာခြင်း အစာမှီဝဲခြင်းတို့ကိုပြုလုပ်၍ မျိုးပွားခြင်းကိုလည်း ဖြစ်စေပြီးလျှင် သေဆုံးသွားကြလေသည်။

ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ဖြစ်ပေါ်လာချိန်၌ ထိုသက်ရှိများသည် အပင်ဖြစ်သည်။ သတ္တဝါဖြစ်သည်ကို တိကျစွာ ခွဲခြား၍ မပြောနိုင်ချေ။ ထိုနည်းတူစွာ အပင်လောကသည် သတ္တဝါလောကမှ ဆင်းသက်သည်။ သို့မဟုတ် သတ္တဝါလောကသည် အပင်လောကမှ ဆင်းသက်သည်ဟူသည်ကိုလည်း တိကျမှန်ကန်စွာ မပြောနိုင်ချေ။ သို့ရာတွင် ကမ္ဘာပေါ်၌ ပထမဦးစွာ ဖြစ်ပေါ်သော သက်ရှိသည် အလိုအလျောက် အစာပြုလုပ်စွမ်း ရှိရမည်ဟူသောယူဆချက် မှန်ကန်လျှင် အပင်သည် သတ္တဝါထက် ဦးစွာပေါ်သော သက်ရှိ ဖြစ်ရမည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ဇီဝဗေဒပညာရှင်တို့ကမူ အပင်လောက နှင့် သတ္တဝါလောကသည် မျိုးရင်းပင်မတစ်ခုမှ ဖြာထွက်လာကြသည်ဟု ယူဆကြသည်။ ဤယူဆချက်အရ ထိုမျိုးရင်း ပင်မမှ သက်ရှိနှစ်မျိုး ခွဲထွက်လာကာ တစ်မျိုးမှာ အမြင့်တန်းစား အပင်များနှင့် အခြားတစ်မျိုးမှာ အမြင့်တန်းစား သတ္တဝါများဟူ၍ ဖြစ်လာကြလေသည်။ အစိမ်းရောင်ရှိသော အပင်များတွင် ပထမဆုံး ပေါ်ပေါက် လာသည့်အပင်မှာ အယ်လဂျေခေါ် ပင်လယ်၌ပေါက်ရောက်သော အပွင့်မဲ့ အပင်မျိုး ဖြစ်သည်။

ဝင်ရိုးစွန်းနှင့်အပူပိုင်းဒေသကြားရှိ ပင်လယ်ဟူသမျှတို့တွင် အယ်လဂျေနှင့် ကင်းသောပင်လယ် ဟူ၍ မရှိချေ။ သို့သော် အချို့သော ပင်လယ်ကမ်းခြေများတွင် အခြားသော အရပ်ဒေ သများမှာထက် အလွန် ထူထပ်စွာ ပေါက်ရောက်တတ်လေ သည်။ အယ်လဂျေတို့ကြောင့် ပင်လယ်နီသည် တစ်နှစ်လျှင် ကာလအပိုင်း အခြားအားဖြင့် နီနေတတ်သည်။ အာတိတ်ဒေ သတွင် အချို့သောရေခဲပြင်တို့မှာလည်း အယ်လဂျေကြောင့် နီနေတတ်သည်။ အချို့သော အယ်လဂျေများမှာ အလွန်သေး ငယ်၍ မှန်ဘီလူးဖြင့်ကြည့်မှသာ မြင်နိုင်သည်။ သို့ရာတွင် ပစိဖိတ်သမုဒ္ဒရာတွင် ပေါက်ရောက်ကြသော အယ်လဂျေတို့၌ ပင်စည်နှင့် သဏ္ဌာန်တူသည့် အစိတ်အပိုင်းများပါရှိကြ၍ အချို့မှာ အမြင့်ဆုံးအပင် ထက်ပင် ရှည်လျားကြသည်။ အချို့၌ ဆဲတစ်ခုတည်းသာ ရှိကြသည်။

အပင်များတွင် အယ်လဂျေပြီးသည့်နောက် ထင်ရှားသော အပင်မျိုးမှာ ဖန်ဂျိုင်းခေါ် မှိုမျိုးများဖြစ်သည်။ ဤ အပင်များ သည် အပင်များတွင် အထူးဆန်းဆုံးဖြစ်သည်။ ဖန်ဂျိုင်းတို့ကို အပင်ဟု ဆိုရငြားသော်လည်း ပုံသဏ္ဌာန်တွင်လည်းကောင်း၊ ဘဝတာ တိုခြင်းတွင်လည်းကောင်း၊ မျိုးပွားခြင်းတွင်လည်း ကောင့်းအမျိုးအမည် အရေအတွက်အားဖြင့် များပြားပုံတွင် လည်းကောင်း အခြားမည်သည့်အပင်နှင့်မျှ မတူချေ။ ဗက်တီး ရီးယား၊ တဆေး၊ မှိုနုများမှာ ဖန်ဂျိုင်းများ ဖြစ်ကြသည်။ အချို့ သော ဖန်ဂျိုင်းတို့မှာ လူများနှင့် မကင်းနိုင်လောက်အောင် အသုံးဝင်သော်လည်း အချို့သော ဖန်ဂျိုင်းများမှာမူကား စိုက်ပျိုး ပင်များကို ဖျက်ဆီးတတ်ခြင်း၊ လူနှင့်တကွ လူတို့ မွေးမြူထား သော တိရစ္ဆာန်များအား၊ ကြောက်မက်ဖွယ်ကောင်းသည့် ရောဂါ ဆိုးကြီးများကို ဖြစ်စေခြင်းတို့ကြောင့် လူတို့၏ ရန်သူကြီးများ ဖြစ်ကြသည်။ ဖန်ဂျိုင်းနှင့် စပ်လျဉ်း၍ စိတ်ဝင်စားဖွယ်ကောင်း သောအချက်တစ်ချက်မှာ ဖန်ဂျိုင်းသည် အယ်လဂျေနှင့်မိတ်ဖက် (ပေါင်းဖက်)၍ သစ်ကပ်မှော်ပင် ဖြစ်လာခြင်းပင် ဖြစ်သည်။ ထိုသို့ ပေါင်းစပ် နေထိုင်ကြခြင်းကို အင်ဗိုင်အိုစစ်ဟုခေါ်သည်။ သစ်ကပ်မှော်တွင် ဖန်ဂျိုင်းသည် ရေနှင့်ဓာတ်ဆားများကို ဆုတ်ပေး၍ အယ်လဂျေသည်အပင်အတွက်အစာကို ပြုလုပ်ပေးသည်။ ( ဆင်ဗိုင်အိုစစ်။)

တတိယမျိုးတွင် ဖန်းများပါဝင်သည်။ ဤအပင်များသည် သတ္တဝါများတွင် ဖားတို့ကဲ့သို့ ရေတပိုင်း ကုန်းတပိုင်း အပင်များဖြစ်ကြ၍ ကုန်းပေါ်တွင် ပထမဆုံး ပေါက်ရောက်သော အပင်မျိုးဟု ယခုခေတ် သိပ္ပံ ပညာရှင်ကြီးများက ယုံကြည်ကြသည်။ ရှေးနှစ် သန်းပေါင်းများစွာက ကမ္ဘာမြေပေါ်တွင် ဤအပင်မျိုး ကြီးစိုးခဲ့၍ ယခုခေတ်တွင် ကျွန်ုပ်တို့ သုံးစွဲနေသော ကျောက်မီးသွေးမှာ မြေအောက်တွင် နစ်မြုပ်ခဲ့သော ဖန်းပင်ကြီးများမှ ဖြစ်လာကြသည်ဟု အဆိုရှိသည်။ နောက်ဆုံးအမျိုးမှာ အပွင့်ပွင့်သော အပင်မျိုးဖြစ်သည်။ ဤအပင်များကို တစ်နည်းအားဖြင့် အမြင့်တန်းစားအပင်များဟူ၍ ခေါ်သည်။ အပင်တို့တွင် တွေ့ရှိရသော အစိမ်းရောင်မှာ ကလိုရိုဖီဖြစ်သည်။ ကလိုရိုဖီသည် နေရောင်တွင် လေထဲ၌ ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်မှ ကာဗွန်ကို ခွဲယူ၍ အမြစ်မှရရှိသော ရေဖြင့် အပင်တွင်လိုသော အစာကို ပြုလုပ်ပေးလေသည်။ သို့သော် အပင်တိုင်း၌ ဤသို့ အစာပြုလုပ်ရန် ကလိုရိုမီ မပါရှိကြချေ၊ အထက်၌ ဖော်ပြခဲ့ပြီးဖြစ်သော ဖန်ဂျိုင်းအမျိုးအားလုံးနှင့် အချို့သော အပင်မျိုး၌ ကလိုရိုဖီဟူ၍ လုံးဝမပါရှိကြသဖြင့် မိမိတို့လိုသောအစာကို မပြုလုပ်နိုင်ကြချေ။ ဤသို့ ကလိုရိုဖီမဲ့သော အပင်မျိုးမှာ နှစ်မျိုးနှစ်စား ရှိသည်။ တစ်မျိုးမှာ မိမိတို့လိုသော အစာကို အခြားသက်ရှိများပေါ်၌ မှီခိုရသောအမျိုးဖြစ်၍ ပါရာဆိုက်ဟုခေါ်သည်။ ရွှေနွယ်ပင်၊ မစ္စတဲတိုး(ကျီးပေါင်းတစ်မျိုး)ပင်တို့မှာ ပါရာဆိုက်များ ဖြစ်ကြသည်။ ကျန်တစ်မျိုးမှာ ဆပရိုဖိုက် ခေါ် အပင်မျိုးဖြစ်၍ မိမိတို့လိုသော အစာကို ဆွေးမြည့်နေသော အပင်များပေါ်တွင်ဖြစ်စေ၊ သို့မဟုတ် ပုပ်သိုးနေသော သတ္တဝါတို့၏ ရုပ်ကလာပ်များပေါ်တွင်ဖြစ်စေ မှီခိုနေကြရသည်။ မှို၊ မှိုနုတို့မှာ ဆပရိုဖိုက်များ ဖြစ်ကြသည်။ ထိုကြောင့် လေတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်သည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အပင်ထဲသို့ ရောက်ရှိလာပြီးလျှင် အပင်၏ ကိုယ်ထည်ပစ္စည်းများ ဖြစ်သွားကြသည်။ တစ်ဖန် အပင်မှ အစိတ်အပိုင်းများကို လူကဖြစ်စေ၊ တိရစ္ဆာန်များကဖြစ်စေ စားသောက်လိုက်သောအခါ ကိုယ်ခန္ဓာတွင် တငွေ့ငွေ့ လောင်ကျွမ်းမှုကြောင့် အောက်ဆီဂျင်နှင့်ပေါင်းစပ်သွားပြီးလျှင် အပင်မှ ပြန်လည်အသုံးချနိုင်ရန် ကာဗွန်ဒိုင်အောက်ဆိုက်အဖြစ်နှင့် ထွက်လာပေသည်။ ဆပရိုဖစ်တစ်ဇင်း

အပင်များ သန်မာကြီးထွားစေရန် ပိုတက်ဆီယမ်၊ ကယ်လ ဆီယမ်၊ မက်ဂနီဇီယမ်နှင့် သံဓာတ်များကို လည်းကောင်း၊ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ဆာလဖာ နှင့် ဖော့စဖောရပ်တို့ကဲ့သို့ သတ္တုမဟုတ်သည့် ဓာတ်များကို လည်းကောင်း လိုလေသည်။ ထိုဓာတ်များအနက် အပင်သည် ကာဗွန်ကို လေထဲရှိ ကာဗွန်ဒိုင်အောက်ဆိုက် မှလည်းကောင်း၊ အောက်ဆီဂျင်ကို လေမှ တိုက်ရိုက် အသက်ရှူခြင်းဖြင့်လည်း ကောင်း၊ ဟိုက်ဒရိုဂျင်ကို ရေထဲမှလည်းကောင်း ရရှိကြသည်။ ကျန်သောဓာတ်ပေါင်းများကို အပင်သည် မြေမှရေတွင် ပျော်ဝင် ပါရှိသော ဒြဗ်ပေါင်းများအဖြစ်နှင့် စုတ်ယူရရှိလေသည်။ နိုက် ထရိုဂျင်နှင့် စပ်လျဉ်း၍ ထူခြားချက်တစ်ရပ်မှာ ကလိုဗာပဲပင် ရိုင်းနှင့်တကွ ယင်း၏ အမျိုးအနွယ်များဖြစ်သော အခြားပဲလုံး၊ ပဲတောင့်ပင်တို့သည် လေမှ နိုက်ထရိုဂျင်ကို ဗက်တီးရီးယား များ၏ အကူအညီဖြင် ဖမ်းယူနိုင်ကြခြင်းဖြစ်သည်။ ထိုအပင် တို့၏ အမြစ်များကို စစ်ဆေးကြည့်က အဖုကလေးများကို တွေ့ ရမည်ဖြစ်သည်။ ထိုအဖုကလေးများ ဖြစ်နေခြင်းမှာ မြေကြီးထဲ တွင်ရှိသော ဗက်တီးရီးယားများ အမြစ်တွင်းသို့ဝင်၍ စုဝေး နေခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ စုဝေးနေထိုင်၍ လေထဲ တွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်ကို အစာအဖြစ်ဖြင့် တိုက်ရိုက် အသုံးပြုပြီးလျှင် နိုက်ထရိတ်အဖြစ်သို့ ပြောင်းလဲ သွားစေသဖြင့် မြေ0x100သဇာ ထက်သန်ကောင်းမွန် လာစေသည်။ ဤကဲ့သို့ အပင်သည် မြေမှ နိုက်ထရိုဂျင်ဒြဗ်ပေါင်းများ ကုန်ခန်းသွားဖွယ်ရာ ရှိသည်ဟု မထင်မှတ်အပ်ပေ။ အဘယ် ကြောင့် ဆိုသော် လေ၊ မြေ၊ အပင်နှင့် သတ္တဝါ ခန္ဓာကိုယ် တို့၌ ရှိသော နိုက်ထရိုဂျင်ဓာတ်မှာ တစ်နေရာမှ တစ်နေရာသို့ လှည့်ပတ်သွားလာလျက်ရှိသောကြောင့် ဖြစ်သည်။ ရွှံ့နွံ ထူထပ် သော အချို့အရပ်ဒေသများ၌ တစ်ခါတစ်ရံ ပိုးစားပင်များကို တွေ့ရတတ်သည်။ ဤအရပ် ဒေသမျိုးတွင် မြေထဲ၌ရှိသည့် နိုက်ထရိုဂျင်ဓာတ်ပေါင်းတို့မှာ ရေတွင်ပျော်ဝင်၍ ပါသွားကြ သဖြင့် ထိုထူးဆန်း သောအပင်တို့သည် မိမိတို့လိုသော နိုက်ထရိုဂျင်ကိုရရှိရန် ပိုးမွှားများကို ဖမ်းယူ စားသောက်ကြ သည်။

ရေနှင့်ရေတွင် ပျော်ဝင်ပါရှိသော ဒြဗ်ပေါင်းများသည် အပင် ထဲသို့ တစ်ဖက်သတ်စိမ့်ခြင်းဖြင့် ဝင်ရောက် လာသည်။ တစ် ဖက်သတ်စိမ့်ခြင်းကို အောက်ပါအတိုင်း စမ်းသပ်ကြည့်နိုင် သည်။ ဖန်ပြွန်ရှည်တစ်ခု၏ အောက်ဘက်ကို ပါးလွှာသော အမြေ|းဖြင့်ပိတ်၍ ခိုင်ခိုင်ချည်ထားပါ။ ထိုနေက် ဖန်ပြွန်ထဲသို့ သကြား ပျော်ဝင်ရည် အကျဲထည့်ထားသော ဖန်ခွက်တစ်ခုတွင် နှစ်လျက် ဖန်ပြွန်ကို ည|ပ်ခုံ၌ ည|ပ်၍ မတ်မတ် ထောင်ထားပါ၊ (ဤနေရာ၌ သကြားအစား အခြားရေတွင် ပျော်ဝင်ပစ္စည်း များကိုလည်း အသုံးပြုနိုင်သည်။) ထိုအခါ ဖန်ပြွန်အတွင်းရှိ သကြားပျော်ဝင်ရည်အပြစ်သည် တဖြည်းဖြည်း မြင့်တက်လာ သည်ကို တွေ့ရမည်။ ထိုသို့ တစ်ဖက်သတ် စိမ့်၍ မြင့်တက် လာခြင်းမှာ ပျော်ဝင်ရည်အကျဲမှ ရေသည် ပျော်ဝင်ရည်အပြစ် ထဲသို့ စိမ့်ဝင်လာသောကြောင့် ဖြစ်သည်။ အထက်ပါ စမ်းသပ် ချက်တွင် ဖန်ပြွန်သည် မြေဆီလွှာတွင်ရှိသော ရေနှင့် တူသည်။ ဤနည်းဖြင့် ရေသည် မြေဆီလွှာမှအပင်ထဲသို့ ဝင်ရောက်လာ ပြီးလျှင် အပင်၏အစိတ်အပိုင်း အသီးသီးသို့ ရောက်ရှိသွားကြ လေသည်။ အပင်တွင် အမြစ်မှ စုတ်ယူရရှိသော ရေ၌ ဓာတ် စားအနည်းငယ်သာ ပျော်ဝင်ပါရှိသဖြင့် အပင်သည် ထိုဓာတ် ဆားများကို လုံလောက်စွာ ရရှိစေရန် ရေအမြောက်အမြားကို စုတ်ယူ ရလေသည်။ ဤသို့ စုတ်ယူရရှိသော ရေများအနက် အနည်းငယ်မျှကိုသာ အပင်သည် အစာပြုလုပ်ရာ၌ အသုံးပြု လေသည်။ ကျန်ရေအနက် အချို့မှာ အပင်ကို တောင့်တင်း လျက် ရှိနေစေသော်လည်းများသော အားဖြင့် အရွက်များသို့ ရောက်ကာ အငွေ့အဖြစ်ဖြင့် ပြန်ထုတ်ပစ်လိုက်သည်။ ထိုသို့ ထုတ်ပစ်ခြင်းကို ထရန်စပီရေးရှင်း ဟုခေါ်သည်။ အပင်တွင် အမြစ်မှရေသည် အရွက်သို့ရောက်အောင် တက်ရောက်ရသော အမြင့်မှာ အပင်ကိုလိုက်၍ ဖြစ်သည်။ ပုပျက်သော အပင် များတွင် အရွက်များမှာ အလွန်မမြင့်သဖြင့် ရေတက်ရောက်ပုံ ကို သိရှိနားလည်နိုင်သည်။ သို့သော် ယူကလစ်ပင် (ငှက် ချောက်ပင်)နှင့် ထင်းရှူးပင် အချို့တို့၌ ရေတက်ရောက်ရသော အမြင့်မှာ ပေ ၃ဝဝ မှ ၄ဝဝ အထိ မြင့်မားတတ်လေသည်။ ရေသည် တစ်ဖက်သတ်စိမ့်အားတစ်ခုတည်းဖြင့် ထိုမျှ မြင့်မား သောနေရာသို့ မတက်ရောက်နိုင်ချေ။ ဤအချက်တို့နှင့် စပ်လျဉ်း၍ အမြစ်တွင် သက်ရောက်လျက်ရှိသော ဖိအားသည် ရေကို တစ်နေရာသို့ရောက်အောင် ပို့ဆောင်ပေး၍ ထရန်စပီရေး ရှင်းကြောင့် ဖြစ်လာသော ဆွဲအားသည် ထိုနေရာမှတစ်ဆင့် ရေကို အထက်သို့ မြှင့်တင်ယူသည်ဟု ထင်မှတ်ဖွယ်ရာ ရှိပေသည်။ တစ်နည်း အားဖြင့်ဆိုသော် အမြစ်မှဖိအားသည် ရေကို အောက်မှ တွန်းတင်ပေးရန် ထရန်စပီရေးရှင်းသည် ရေကို အထက်မှ ဆွဲယူလေသည်။

အပင်တွင် ကြီးထွားမှုနှင့်လှုပ်ရှားမူကိုပြုလုပ်ရန် စွမ်းအင် လိုသည်။ အပင်များသည် သက်ရှိသတ္တဝါကဲ့သို့ပင် နေ့ရော ညဉ့်ပါ အသက်ရှူကြသည်။ အသက်ရှူရာ၌ အပင်များသည် အောက်ဆီဂျင်ကို အရွက်၌ရှိသော လေပေါက်ကလေးများမှ ရှူသွင်းကြသည်။ အောက်ဆီဂျင်သည်ပင်စည်အတွင်း၌ရှိသော ကာဗွန်ဓာတ်များကို လောင်ကျွမ်းသွားစေပြီးနောက် အပင်တွင် လိုသောစွမ်းအင်ကို ဖြစ်ပေါ်လာစေသည်။ ယင်းသို့ ဖြစ်ပေါ် လာသော စွမ်းအင်ကို လှုပ်ရှားမှုနှင့် အပင်ကြီးထွားမှုတွင် အသုံးပြုသည်။ ကာဗွန်ဓာတ်များ လောင်ကျွမ်းရာမှ ဖြစ်ပေါ် လာသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်မှာကား ပြင်ပသို့ ထွက်သွားလေသည်။ ဤသို့ အပင်များ အသက်ရှူခြင်းကို ရက်စပီရေးရှင်းဟုခေါ်သည်။ ( ရက်စပီရေးရှင်း။)

သစ်ရွက်များတွင် ကစီချက်လုပ်ရန် ကလိုရိုဖီ၊ နေရောင် ခြည်၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ရေတို့လိုအပ် ပေသည်။ ကစီချက်လုပ်သည်ဆိုရာ၌ ဦးစွာဖြစ်ပေါ်လာသော ပစ္စည်းမှာ သကြားဖြစ်၍ သကြားမှတစ်ဖန် ကစီဓာတ်အဖြစ်သို့ ပြောင်းလဲ သွားသည်။ ဤသို့ သစ်ရွက်စိမ်းများသည် နေရောင်ခြည်တွင် သကြားချက် လုပ်၍ ကစီအဖြစ် ချက်ချင်းပြောင်းလဲသွားခြင်း ကို ဖိုတိုဆင်းသဆစ်၊ သို့မဟုတ် အလင်းဖြင့် ဖွဲ့စည်း ခြင်း ဟုခေါ်သည်။

့ဖိုတိုဆင်းသဆစ်တွင် ဖြစ်ပျက်ပုံမှာ အရွက်များရယူသော လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်သည် ကာဗွန်နှင့် အောက်ဆီဂျင်အဖြစ် ဓာတ်ကွဲသွားသည်။ ကွဲထွက်လာသော ကာဗွန်သည် ရေမှ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်တို့နှင့် ပေါင်းစပ်၍ သကြား ဖြစ် လာသည်။ အောက်ဆီဂျင်ကား ပြင်ပသို့ ထွက်သွားလေသည်။ ဖိုတိုဆင်းသဆစ်ဖြစ်ချိန်တွင် ကာဗွန်ကိုသာသုံးခြင်းကြောင့် ဖိုတို ဆင်းသဆစ်ကို ကာဗွန်ဓာတ် စုဆောင်းခြင်းဟုလည်း ခေါ်သည်။ သို့သော် အပင်များ အသက်ရှူရာ၌ (ရက်စပီရေး ရှင်း)အပင်သည် လေထဲမှ အောက်ဆီဂျင်ကို သွင်းယူပြီးလျှင် ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်ပစ်လိုက်သည်။ ဖိုတိုဆင်း သဆစ်ခေါ် ကာဗွန်စုဆောင်းခြင်း၌မူကား ကာဗွန်ဒိုင်အောက် ဆိုက်ကို အစာအဖြစ် အသုံးပြု၍ အောက်ဆီဂျင်ကို လေထဲသို့ ထုတ်ပစ်လိုက်သည်။ ထိုနှစ်မျိုးမှာ တစ်မျိုးနှင့်တစ်မျိုး ဆန့် ကျင်ဖက် ဖြစ်နေသော်လည်း နေ့အချိန်တွင် နှစ်မျိုးစလုံး တစ်ပြိုင်နက်တည်း ဖြစ်ပျက်လျက်ရှိကြသည်။ သို့သော် နေ့ အချိန်တွင် အပင်သည် အသက်ရှူသည်ဟုဆိုရရုံလောက်သာ ရှူပြီးလျှင် ကာဗွန်စုဆောင်းခြင် (ဖိုတိုဆင်းသဆစ်) ကိုမူကား အပြင်းအထန် ပြုလုပ်လျက်ရှိသည်။ ညဉ့်အချိန်မှသာ အသက် ရှူခြင်းကို များစွာ ပြုလုပ်သည်။

ပူအိုက်သော ဒေသများ၌ နွေရာသီဖြစ်စေ၊ အေးသောအရပ် ဒေသများ၌ ဆောင်းရာသီတွင်ဖြစ်စေ အပင်သည် ရေကို ခဲခဲ ယဉ်းယဉ်း ရယူကြရသောကြောင့် ရေကို စွန့်ထုတ်ပစ်တတ် သည့် အရွက်တို့ကို ကြွေသွားစေတတ်သည်။ ပထမဆုံးအပင် သည် အလွန်အဖိုးတန်သော သစ်ရည်ကို အထဲသို့ စုတ်ယူလိုက် ၍ အရွက်သို့ ရေ မရောက်ရှိရအောင် ရွက်ည|ာအောက်၌ ဖော့ သားတက်လာစေသည်။ အရွက်သို့ ရေမရောက်ရှိပဲ နေသော အခါ အရွက်သည် ခြောက်သွားပြီးလျှင် အပင်မှ ကြွေကျသွား လေသည်။ အချို့သောအပင်တို့၌ ရေများစွာ ဆုံးရှုံးခြင်းမရှိ ရအောင် အရွက်များတွင် ရေကာအဖုံးများ ဖုံးအုပ်ပါရှိလေ သည်။ တစ်ခါတစ်ရံ အရွက်တို့၌ ရေထွက်ပေါက် အနည်းငယ် သာ ပါရှိသဖြင့် ရေအနည်းငယ်သာ ထွက်သွားနိုင်လေသည်။ သို့သော် များသောအားဖြင့် စိုစွတ်သော အရပ်ဒေသတွင် ပေါက်ရောက်ကြသော အရွက်များရှိတတ်၍ ခြောက်သွေ့သော အရပ်ဒေသများတွင်မူကား ထူသောအရွက်များ ရှိတတ်သည်။ များသောအားဖြင့် ပင်စည်ပျော့သောအပင်ငယ်တို့သည် ပြင်းထန်သော ရာသီဥတုဒဏ်ကို မခံနိုင်ကြသဖြင့် နွေအခါ၌ ဖြစ်စေ၊ ဆောင်းအခါ၌ဖြစ်စေ၊ သေသွားကြလေသည်။ ထိုသို့ သေမသွားမီ မြေအောက်အစာကို စုဆောင်းထားခဲ့ရာ ထိုအစာ များမှ ရာသီဥတု၏ဒဏ်ကြောင့် ပျက်စီးမသွားပဲ နွေရာသီ၊ သို့မဟုတ် ဆောင်းရာသီ လွန်မြောက်သည်နှင့်တပြိုက်နက် အပင်များ ပေါက်ရောက်လာကြလေသည်။ ဤသို့ မြေတွင် အစာကို သိုလှောင်ထားတတ်သော အပင်များမှာ နှစ်နှစ်ခံပင်၊ သို့မဟုတ် နှစ်ကြာခံပင်များ ဖြစ်ကြသည်။ နှစ်နှစ်ခံ အပင်များ တွင် မုန်လာဥနီ၊ ဂေါ်ဘီထုပ်၊ မုန်လာဥဝါ၊ ဥစားမုန်လာများ ပါဝင်သည်။ သို့သော် ဤအပင်များ သည် သမပိုင်းများ၌သာ နှစ်နှစ်ခံ၍ အပူပိုင်းများ၌မူကား တစ်နှစ်ခံလေသည်။ နှစ်ကြာ ခံအပင်များတွင် လေထဲ၌ရှိသော အစိတ်အပိုင်းများမှာ နွေ ရာသီ၊ သို့မဟုတ် ဆောင်းရာသီ၌ သေသွားတတ်၍ မိုးကျ လာသည်နှင့် တစ်ပြိုင်နက် မြေအောက်ရှိ ပင်စည်များမှ အစို့ များ ထွက်လာလေသည်။ အချို့သော အပင်များမှာ လပိုင်း၊ သို့မဟုတ် အများဆုံး တစ်နှစ်သာခံသဖြင့် တစ်နှစ်ခံပင်များ ဖြစ်ကြသည်။ ဤအပင်များသည် မိမိတို့တွင် ရှိသမျှသော အစာရေစာတို့ကို နောင်အခါအတွက် သိုလှောင်ထားခြင်းမရှိဘဲ အပင်နှင့် အစေ့များ ပြုလုပ်ခြင်းကြောင့် တစ်နှစ်သာခံကြ လေသည်။

အပင်တွင် အစိတ်အပိုင်းတို့သည် ပြင်ပလှုံ့ဆော်မှုကို တုံ့ပြန်တတ်ရာ ထိုသို့ တုံ့ပြန်တတ်ခြင်းကြောင့် ဖြစ်ရသော လှုပ်ရှားမှုကို ထရိုပီဇင်းဟုခေါ်သည်။ ( ထရိုပီဇင်း။)

အချို့သော အပင်တို့၌ရှိသည့် အစိတ် အပိုင်းများသည် တစ်ခုခုနှင့် တွေ့ထိမိသည်နှင့် တစ်ပြိုင်နက် လှုပ်ရှားလာကြသည်။ ဆန်းဒျူးခေါ် ပိုးမွှား စားပင် တစ်မျိုး၌ ပိုးမွှားများ လာ ရောက်နားသည်နှင့် တစ်ပြိုင်နက် ဦးမှင်တို့သည် လှုပ်ရှား လာပြီးလျှင် ပိုးမွှားကို ဖမ်းယူလေသည်။ နွယ်ပင်တွင် နွယ်နှာ မောင်းတို့သည် လိမ်တက်ရန် အမာခံတစ်ခုခုကို တွေ့ထိလာ သည်နှင့် တစ်ပြိုင်နက် နွယ်နှာမောင်း၏ အတွင်းပိုင်းတွင် ကြီးထွားမှု ရပ်စဲသွား၍ အပြင်ပိုင်းသာလျှင် ကြီးလာသဖြင့် နွယ်နှာမောင်းသည် အမာခံပေါ်တွင် ရစ်ပတ်သွားလေသည်။ ဤလှုပ်ရှားမှုမျိုးကို ဟက်ပတိုထရိုပီဇင်းဟု ခေါ်သည်။ အပင် ၏ အစိတ်အပိုင်းအချို့သည် အလင်းရောင်ကို တုံ့ပြန်သည့်အနေ နှင့်လည်း လှုပ်ရှားတတ်ရာ ထိုလှုပ်ရှားမှုမျိုးကို အလင်းကြိုက် ခြင်း (ဖိုတိုထရိုပီဇင်း)ဟုခေါ်သည်။ အကယ်၍ ပြတင်းပေါက် တစ်ပေါက်တည်းသာ ဖွင့်ထားသော အခန်းတွင်း၌ အပင်တစ် ပင်ကို အိုးတွင်ထည့်၍ စိုက်ပျိုးထားလျှင် အရွက်များသည် ပြတင်းပေါက်ဖက်သို့ညွတ်၍ ပေါက်ရောက်လာသည်ကို တွေ့ရပေမည်။ ဤ အခြင်းအရာကို လင်းကြိုက်ခြင်းဟုခေါ် သည်။ မြေပဲပင်တွင် အပွင့်၏ရိုးတံသည် ဝတ်မှုန်စပ်ယှက် ခြင်း မပြုမီ အလင်းဘက်သို့ ညွှတ်လျက် ပေါက်ရောက်တတ် သော်လည်း ဝတ်မှုန်စပ်ယှက်ပြီးသည့်နောက် အလင်းမှ ရှောင် သွားတတ်သည်။ တောထူထပ်သော အရပ်ဒေသများ၌ အပင် များတွင် အထက်ဘက်မှသာ အလင်းကိုရရှိသဖြင့် ဖြောင့်တန်း ရှည်လျားသော ပင်စည်များ ရှိတတ်သည်။ ကွင်းပြင်များတွင်ရှိ သည့် အပင်များ၌မူကား အလင်းရောင်ကို အရပ်ရပ်မှ ရရှိသော ကြောင့် ဘေးဘက်သို့ ကားထွက်၍ ပေါက်ရောက် တတ်လေ သည်။ အထက်ပါ လှုပ်ရှာမှုများအပြင် အပင်တွင် မြေဆွဲအား၊ ရေ၊ ဓာတ်ပစ္စည်းတို့ကို တုံ့ပြန် ခြင်းသဘောဖြင့်လည်း လှုပ်ရှား တတ်လေသည်။

အပင်တွင် သတ္တဝါများမှာကဲ့သို့ ဘဝတည်မြဲရေးအတွက် လုံးပန်းကြရသည်။ အပင်ထူထပ်စွာ ပေါက်ရောက်နေသော အရပ်ဒေသတွင် လောင်းရိပ်မှလွတ်အောင် တစ်ပင်နှင့်တစ်ပင် အလုအယက် ပေါက်ရောက်ကြရသည်။ အမြစ်သည် အစာရေစာ ရရှိရေးအတွက် မြေတွင် နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကြ ရသည်။ အရွက်သည် နေရောင်ကို အများဆုံးရရှိစေရန် ဖြာ ထွက်၍ ပေါက်ရောက်ကြရသည်။ ပင်စည်သည် အလွန်အဖိုး တန်သော သစ်ရည်ကို ခြောက်သွေ့မသွားရအောင် ရေလုံ အခေါက်ဖြင့် ဖုံးအုပ်ထားရသည်။ အပင်၏အစိတ်အပိုင်းများကို တိရစ္ဆာန်များ မဖျက်ဆီးနိုင်ရန် ဆူးများဖြင့် ပြုလုပ်၍ မျိုးပွား စေရန် အစေ့ကို များနိုင်သမျှ များအောင်ပြုလုပ်ကြရလေသည်။ အပွင့်တွင် တောက်ပသောအရောင်၊ မွှေးကြိုင်သောအနံ့၊ ချိုမြ သော ပန်းဝတ်ရည်တို့မှာ အစေ့များ အောင်မြင်အောင် ဝတ်မှုန် စပ်ယှက်ရာ၌ ကူညီပေးသော ပိုးမွှားတို့အား ဖိတ်ခေါ်ရန် ဖြစ် သည်။ အောင်မြင်လာသော အစေ့များကို အပင်သည် ဖြစ် ကတတ်ဆန်း ကြွေကျ မသွားစေဘဲ ဝေးလံသော အရပ်သို့ မိမိ ၏မျိုးများ ရောက်ရှိသွားအောင် ဖြန့်ဖြူးပေးရလေသည်။ အကယ်၍ အပင်တစ်ပင်မှ ဖြစ်လာသော အစေ့တို့သည် အပင်မ ကြီးနား၌ ကပ်၍ ကျရောက်ကြပါမူ အပင်မကြီး၏ လောင်း ရိပ်တွင်မိခြင်း၊ အစာရေစာ လုံလောက်စွာ မရရှိခြင်းတို့ကြောင့် သေသွားဖွယ်ရာရှိသည်။ ဤသို့ မဖြစ်ရလေအောင် ကညင်ပင်၊ သက်ငယ် ပင်တို့ကဲ့သို့ အချို့သောအပင်များသည် အစေ့များကို လေဖြင့် ဖြန့်ဖြူးပေးကြသည်။ ကပ်စေးနဲပင်၊ မြက်သီးပင်တို့ ကဲ့သို့ အပင်များသည် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာတွင် တွယ် ကပ်၍ လိုက်ပါနိုင်ကြသော အစေ့များဖြင့် ဖြန့်ဖြူးပေးကြသည်။ အချို့သော အပင်များ၌ အစေ့ပတ်ပတ်လည်တွင် အရည်ရွှမ်း သော အသားများပါရှိ သဖြင့် ကျေးငှက်တိရစ္ဆာန်တို့သည် ထို အသီးများကို အစာအလို့ငှာ သယ်ဆောင်သွား၍ အပင်မှ ဝေးရာအရပ်၌ အစေ့ကို စွန့်ပစ်ခဲ့ကြသည်။

အပင်၏ အသုံးဝင်ပုံမှာ အလွန်တရာ များပြားလှပေသည်။ ကျွန်ုပ်တို့ စားသောက်သော အစာဟူသမျှကို အပင်မှတိုက်ရိုက် ဖြစ်စေ၊ အပင်ပေါ်တွင်မှီခိုသော တိရစ္ဆာန်များမှဖြစ်စေ ရရှိကြ သည်။ များသောအားဖြင့် ကျွန်ုပ်တို့အတွက် အဝတ်အစား ရက် လုပ်ရန် ပစ္စည်းရိုင်းများကို အပင်မှရသည်။ သစ်သားမှာ လူတို့ တွင် ထင်း မီး အိမ်အသုံးအဆောင်နှင့် အိမ်များဆောက်လုပ်ရန် အသုံးဝင်သည်။ ဆေး၊ ရေမွှေး၊ စက္ကူစသော လူတို့တွင် အသုံး ဝင်သည့် ပစ္စည်းများစွာတို့ကိုလည်း အပင်မှ ရရှိကြသည်။ ယခု အခါ ကျွန်ုပ်တို့တွင် အလွန်အသုံးဝင်သော ကျောက်မီးသွေး သည် ရှေးပဝေဏီက ပေါက်ရောက်ခဲ့သော အပင်များဖြစ်ကြ သည်။ သက်ရှိသတ္တဝါ များသည် အသက်ရှူရာ၌ အောက်ဆီ ဂျင်ကို ရှူသွင်း၍ ကာဗွန်ဒိုင်အောက်ဆိုက်ကို ရှူထုတ်ပစ်လေ သည်။ အပင်များသည် ထိုသို့ ရှူထုတ်ပေးသော ကာဗွန်ဒိုင် အောက်ဆိုက်မှ ကာဗွန်ကိုခွဲယူ၍ အောက်ဆီဂျင်ပေါ်တွင် အပင် များသာ မရှိခဲ့ပါမူ လေထဲ၌ရှိသော အောက်ဆီဂျင်သည် မကြာမီ ကုန်ခန်းသွား၍ သက်ရှိသတ္တဝါများသည် သေဆုံး ဖွယ်ရာ ရှိလေသည်။

သတ်မှတ်ချက်

အရစ္စတိုတယ်သည် သက်ရှိများကို အပင် (များသောအားဖြင့် မရွေ့သော)နှင့် သတ္တဝါ (အစာရှာဖွေရေးအတွက် လှုပ်ရှားတတ်သော) ဟူ၍ ခွဲခြားသည်။ Linnaeus ၏ စနစ်တွင် ၎င်းတို့သည် အပင်လောက(Kingdoms) နှင့် သတ္တဝါလောက ဟု ဖြစ်လာသည်။ ထိုအချိန်မှ စ၍ အပင်ကို ဖန်ဂျီ၊ ရေညှိ စသည့် သိပ်မဆိုင်သော အုပ်စုများပါ ပါဝင်ခဲ့ပြီးနောက် လောက အသစ်သို့ ပြောင်းရွှေ့ခဲ့သည်။ သို့သော် ၎င်းတို့ကို နည်းပညာ နှင့် လက်တွေ့မှာပါ အပင် အကြောင်းများတွင် ထည့်သွင်းဆဲပင် ဖြစ်သည်။

အပင် လောက တစ်ခုကို သိပ္ပံအမည် ပေးရာတွင် အောက်ဖော်ပြပါ အချက်သုံးခုမှ တစ်ချက်ချက် ပါဝင်သည်။ အနည်းဆုံးမှ အများဆုံး ပါဝင်နိုင်မှုအတိုင်း စဉ်ရလျှင် -

  • မြေပေါက်ပင် (land plant)၊ Embryophyta သို့ Metaphyta ဟုလည်း ခေါ်သည်။ အသေးစိတ်ကို အောက်ပါအတိုင်း ခွဲခြားထားပြန်သည်။
  • အစိမ်းရောင် အပင် (green plant) - Viridiplantae, Viridiphyta သို့ Chlorobionta ဟုလည်း သိသော - တွင် အထက်ပါ Embryophytes၊ Charophyta (ရှေးဦး ကျောက်ကပ်ပင်) နှင့် Chlorophyta (အစိမ်းရောင် ရေညှိများ) တို့ ပါဝင်သည်။ ဤမျိုးပေါင်းစုသည် ဤအကြောင်းအရာ၏ အဓိက တင်ပြရင်း ဖြစ်သည်။
  • Archaeplastida - sensu lato အပင်၊ Plastida သို့ Primoplantae ဟုလည်း သိသော - တွင် အစိမ်းရောင် အပင် များနှင့် Rhodophyta (ရေညှိနီ) နှင့် Glaucophyta (ဂလူကို့ ရေညှိ) တို့ ပါဝင်သည်။ အကျယ်အားဖြင့် ဤအုပ်စုတွင် ရှေးခေတ်က cyanobacteria ဖြစ်ခဲ့သော် chloroplasts ဖြစ်လာသည့် eukaryote အများပါဝင်သည်။

တရားဝင် မဟုတ်သော်လည်း အခြား ဖိုတိုစင်းသစ်စစ် လုပ်သော သတ္တဝါ များကိုလည်း အပင် ဟုခေါ်ကြသည်။ ၎င်းတို့သည် မျိုးခွဲရာတွင် အပင်နှင့် ခြားနားသည်။ မျိုးစိတ် ပေါင်း ၃၇၅,၀၀၀ ကျော် ရှိပြီး နှစ်စဉ် တိုးပွားလျက်ရှိသည်။

ရေညှိ

Kunstformen der Natur (၁၉၀၄) မှ ရေညှိမျိုးဝင်
Kunstformen der Natur (၁၉၀၄) မှ ရေညှိမျိုးဝင်

ရေညှိ (algae) အများစုမှာ အပင် လောက ဟု မသက်မှတ်တော့ပေ။"Raven 2005" ရေညှိတွင် ဖိုတိုစင်းသစ်စစ် နည်းဖြင့် စွမ်းအင် ရယူသော မျိုးမတူသည့် ရုပ်စုများစွာ ပါဝင်ပြီး ၎င်းတို့၏ မျိုးရိုး (ancestor) မှာ မတူညီသော ဖိုတိုစင်းသစ်စစ် မဟုတ်သော မျိုးရိုး များမှ ဆင်းသက်လာကြသည်။ အများသိ ရေညှိများမှာ အပင်များနှင့်တူသည့် ပင်လယ် ရေညှိ (seaweeds) ဖြစ်ပြီး အစိမ်း၊ အနီ နှင့် အညို ရေညှိ ဟူ၍ ရှိသည်။ ၎င်းအုပ်စု အသီးသီးတွင် ဆဲလ် တစ်ခုတည်းပါဝင်သည့် ရုပ်စု များလည်း ပါဝင်သည်။

Read next

In 240 languages

myаԥсшәаAcèhAfrikaansAlemannischአማርኛPangcaharagonésÆngliscअंगिकाالعربيةالدارجةمصرىঅসমীয়াasturianuअवधीAymar aruazərbaycancaتۆرکجهбашҡортсаBasa BaliBoarischžemaitėškaBikol Centralбеларуская (тарашкевіца)беларускаяBetawiбългарскиभोजपुरीBanjarবাংলাbrezhonegbosanskiбуряадcatalà閩東語 / Mìng-dĕ̤ng-ngṳ̄нохчийнCebuanoᏣᎳᎩکوردیcorsučeštinaчӑвашлаCymraegdanskDeutschZazakidolnoserbskiKadazandusunडोटेलीދިވެހިބަސްΕλληνικάEnglishEsperantoespañoleestieuskaraestremeñuفارسیsuomivõroNa Vosa VakavitiføroysktfrançaisarpetanNordfriiskfurlanFryskGaeilge贛語kriyòl gwiyannenGàidhliggalegoAvañe'ẽGaelgHausa客家語 / Hak-kâ-ngîעבריתहिन्दीFiji HindihrvatskihornjoserbsceKreyòl ayisyenmagyarհայերենinterlinguaJaku IbanBahasa IndonesiaInterlingueIgboIlokanoгӀалгӀайIdoíslenskaitalianoᐃᓄᒃᑎᑐᑦ / inuktitut日本語Patoisla .lojban.JawaქართულიQaraqalpaqshaTaqbaylitJjuадыгэбзэKabɩyɛTyapGĩkũyũқазақшаភាសាខ្មែរಕನ್ನಡYerwa Kanuri한국어کٲشُرkurdîkernowekLatinaLadinoLëtzebuergeschлезгиLingua Franca NovaLimburgsLigureLadinlombardlingálaລາວlietuviųlatgaļulatviešuमैथिलीBasa BanyumasanMalagasyолык марийMinangkabauмакедонскиമലയാളംмонголꯃꯤꯇꯩ ꯂꯣꯟဘာသာမန်मराठीкырык марыBahasa MelayuMaltiMirandésэрзяньمازِرونیNāhuatlNapulitanoNedersaksiesPlattdüütschनेपालीनेपाल भाषाNederlandsnorsk nynorsknorskNouormandoccitanlivvinkarjalaOromooଓଡ଼ିଆиронਪੰਜਾਬੀKapampanganPapiamentuPicardpolskiPiemontèisپنجابیپښتوportuguêsRuna Simiရခိုင်românăarmãneashtitarandíneрусскийрусиньскыйIkinyarwandaसंस्कृतम्саха тылаsardusicilianuScotsسنڌيsrpskohrvatski / српскохрватскиසිංහලSimple EnglishslovenčinaslovenščinachiShonaSoomaaligashqipсрпски / srpskiSiSwatiSesothoSeelterskSundasvenskaKiswahiliślůnskiSakizayaதமிழ்TayalతెలుగుтоҷикӣไทยTürkmençeTagaloglea faka-Tongatoki ponaTok PisinTürkçeтатарча / tatarçachiTumbukaудмуртئۇيغۇرچە / Uyghurcheукраїнськаاردوoʻzbekcha / ўзбекчаTshivendavènetovepsän kel’Tiếng ViệtWest-VlamswalonWinarayWolof吴语isiXhosaმარგალურიייִדישYorùbáVahcuenghZeêuws文言閩南語 / Bân-lâm-gí粵語中文isiZulu

Text from Wikipedia, CC BY-SA 4.0 · Source article