factograf
MY

သမင်

သမင်

Key facts

ကနဦး အားဖြင့်တက်ဆွန်
တက်ဆွန် အမည်Cervidae
တက်ဆွန် အဆင့်မျိုးရင်း
ရင်းမြစ်မှ ဖော်ပြချက်Ottův slovník naučný

သမင်သည် စာဗီဒီးမျိုးရင်းဝင် တောတိရစ္ဆာန်ဖြစ်၍ ခြေထောက်တွင်ခွာပါရှိသော တိရစ္ဆာန် မျိုးဖြစ်သည်။ အဖိုသတ္တဝါများတွင် ဦးခေါင်း၌ အလွန်လှပသောဦးချိုပါရှိသည်။ အသီးအရွက်သာစားသော စားမြုံ့ ပြန်သတ္တဝါမျိုးဖြစ်သည်။ ယင်းသည်အင်အားကြီး မားသော ကျား၊ ခြင်္သေ့စသည့်သားရဲတိရစ္ဆာန်နှင့် ရန်သူများ၏ဘေးရန်မှလွတ်ကင်းရန် အလွန်လျင်မြန်စွာ ပြေးလွှားသွားနိုင်သောကြောင့် ဒရယ်၊ ချေ၊ စိုင်၊ ဆတ် တို့ကဲ့သို့ပင် ခြေမြန် သတ္တဝါဟုခေါ်သည်။

သမင်သည် ဆတ် ထက်ကိုယ်လုံး ကိုယ်ထည်သွယ်သည်။ သမင်အမသည် ကိုယ်လုံးပို၍သေးသည်။ ပခုံးမှ အမြင့် လေးပေခန့်ရှိသည်။ ကျွဲ၊ နွား၊ ဒရယ်စသော တိရစ္ဆာန်တို့၌ ကဲ့သို့ဦးချိုပါသော်လည်း သမင်ဦးချိုသည် ကျွဲ၊ နွား၊ ဒရယ်ဦးချို မျိုးမဟုတ်ဘဲ အခက်အတက်တို့နှင့်လှပသော ဦးချို မျိုးဖြစ်သည်။ အခက်အတက်များ နှစ်ခုမှရှစ်ခု အထိ ပါတတ်သည်။ ဦးချိုအလျား ၄၂ လက်မခန့်ရှိတတ်သည်။

ကျွဲ၊ နွား၊ ဒရယ်တို့၏ဦးချိုသည် နှစ်စဉ်အသစ်လဲလေ့မရှိ သော်လည်း သမင်ဦးချိုသည် နှစ်စဉ်အသစ်လဲရစမြဲဖြစ်သည်။ နှစ်ခါလည်သားအရွယ်တွင် ချိုစပေါက်၍ ခုနှစ်နှစ်သားအရွယ် တွင်စုံစုံလင်လင်ပြည့်ပြည့်ဝဝ ပေါက်သည်။ ဆတ်၊ ဒရယ် စသည်တို့၏ဦးချိုတို့ထက် ဘေးမှကြည့်လျှင် ပိုဝိုင်းနေသကဲ့ သို့ထင်ရသည်။ ချိုသည် ဩဂုတ်လ လယ်တွင်စ၍လဲတတ်သည်။ အစွမ်းကုန်ပြည့်ပြည့်ဝဝ ပြန်ဖြစ်ရန်အတွက်ရက်သတ္တပတ် ၁ဝ ပတ်မှ လေးလအထိကြာ တတ်သည်။ ဦးချိုလဲချိန်တွင်သမင်များသည် အပြင်သို့ထွက်၍ ကျက်စား လေ့မရှိဘဲ တောနက်ထဲ၌ခိုအောင်းနေလေ့ ရှိတတ်ကြသည်။ ဦးချိုများအသစ်လဲနေသည့်အခါတွင် ပေါက်ကာစ ဦးချိုကလေးများကို ကတ္တီပါကဲ့သို့နူးညံ့သောအရေတစ်မျိုး ကဖုံးလွှမ်းလျက်ရှိသည်။ ထိုအရေကလေးသည် အလွန် နူးညံ့လှသည်ဖြစ်ရာ အတန်ငယ်မျှ ထိခိုက်မိရုံနှင့်သွေးထွက် တတ်လေသည်။ ထို့ကြောင့်ပင်ဤအခါအမျိုးတွင် သမင်သည် လှည့်လည်သွားလာခြင်းမပြုဘဲ တစ်နေရာရာတွင် ခိုအောင်း နေလေ့ရှိခြင်းဖြစ်သည်။ သို့ရာတွင်အချိန်အတန်ကြာလျှင် ဦးချိုများသည်မူလအတိုင်း ပြန်လည်မာကျော လာလေသည်။ သမင်သည်ကောင်းစွာ အရွယ်မရောက်မချင်း၊ နှစ်တိုင်း နှစ်တိုင်းဦးချိုတွင် အကိုင်းအခက်ကလေးများ ထပ်လောင်း ပေါက်ပွားတတ်သည်ဖြစ်ရာ သမင်၏ဦးချိုအကိုင်းအခက်များ ကိုကြည့်ခြင်းအားဖြင့် ထိုသမင်၏အသက် အရွယ်ကို ခန့်မှန်းနိုင်ပေသည်။

များသောအားဖြင့်သမင်ဟူသမျှသည် သစ်ရွက်၊သစ်ညွန့်၊သစ်ညှောက်၊ မြက်ပင်စသည်တို့နှင့်တကွရေညှိ၊ အရည်ရွှမ်းသော အပင်၊ အသီးစသည်တို့ကို အမှီပြုစားသောက်အသက်မွေးကြလေသည်။ ယင်းတို့ကိုယဉ်ပါးအောင်လည်း လွယ်ကူစွာပင်ပြုလုပ်သင်ကြားနိုင်သည်။ သမင်ငယ်ကလေးများသည် ပုံပန်းအားဖြင့် မိဘဖြစ်သော သမင်တို့နှင့်တူညီသော်လည်း ကိုယ်ပေါ်၌အပြောက်အစင်း အကြားများဖြစ်လျက်ရှိတတ်သည်။ သမင်မွှေးသည် သိပ်သိပ်သည်းသည်းမရှိ၊ ပါး၍အနည်းငယ်ကြမ်းသည်။ သမင်ဖို၏ အရောင်သည် သမင်မ၏ အရောင်ထက်ပိုရင့်သည်။ ယင်းတို့သည်ရာသီဥတုအလိုက်လည်း အမွှေးအရောင်ပြောင်းတတ်သေးသည်။ အေးသည့်ရာသီတွင်အမွှေးရောင်ရင့်၍ နွေရာသီ တွင်အရောင်ဖျော့ကာ ဝါညိုညိုအရောင် ဖြစ်လာသည်။

သမင်တို့သည် တစ်သားလျှင် တစ်ကောင်သာ ပေါက်လေ့ရှိသည်။ အထူးသဖြင့်အောက်တိုဘာလတွင်ပေါက်တတ်သည်။ အမြီးဖြူသမင်သည် တစ်ကောင်မှသုံးကောင်အထိ အများဆုံးပေါက်သည်။ သမင်သည်များသောအားဖြင့် ထူထက်သော သစ်တောနှင့်တောင်မြင့်များတွင် နေလေ့မရှိချေ။ တောစပ်ခြုံကွယ်တွင် လှည့်လည်ကျက်စား တတ်သည်။ အကောင်အနည်းငယ်သာအုပ်ဖွဲ့နေတတ်သည်။ နေအေးချိန် နံနက်နှင့်ညနေစောင်း တွင်းသာအစာအလို့ငှာထွက်၍ နေ့လယ်နေပူချိန်တွင်အရိပ်ခိုနေတတ်သည်။ တစ်ခါတစ်ရံ ညဉ့်ဘက်တွင် ထွက်၍ လယ်ယာများ၌ဝင်ရောက်စားသောက်တတ်သည်။

တိရစ္ဆာန်ဗေဒပညာရှင်အသီးသီးသည် သမင်အမျိုးအစား ကိုခွဲခြားရာ၌ များစွာအယူဝါဒကွဲပြားကြသည်။ သို့ သော်လည်း အဓိကအားဖြင့်အစုနှစ်စုမျှသာ ခွဲခြားမှတ်သားရန်လိုလေသည်။

ပထမအစုတွင်အာရှတိုက် ဟိမဝန္တာ စသောတောတောင် ဒေသများ၌ တွေ့မြင်ရသော ကတိုးသမင်တစ်မျိုးတည်းသာ ပါရှိသည်။ ဤအာရှတိုက်ကတိုးသမင် မျိုးသည် ဦးချိုမရှိသည်သာမက ထင်ရှားသော ကတိုးဂလင်းများ ပါရှိလေသည်။ ယင်းကတိုးသမင်များကို ကတိုးကောင်ဟုလည်း ခေါ်သေးသည်။

ဒုတိယအစုကြီးတွင်မူ ကျန်သောသမင် အားလုံးပါရှိ၏။ ဤဒုတိယသမင်မျိုးကို ဩစတြေးလျတိုက်၊ နယူးဇီလန်ကျွန်း၊ အာဖရိကတောင်ပိုင်းဒေသနှင့် မက်ဒါဂက်စကာကျွန်းများမှလွဲ၍ မည်သည့်အရပ်တွင်မဆို နေရာမရွေး တွေ့ရှိရတတ်သည်။ သမပိုင်းဒေသများရှိ သမင် များသည် အပူပိုင်းဒေသရှိသမင်တို့ထက် အရွယ်အစား တွင်သော်လည်းကောင်း၊ အလှအပအသွင်ပြင်တွင်သော်လည်း ကောင်း၊ များစွာသာလွန်သည်။ သို့သော်လည်း သမပိုင်းဒေသရှိသမင်များထက်မညံ့လှသော အပူပိုင်းသမင်မျိုးလည်း ရှိပေသေးသည်။ ထိုသမင်မျိုးမှာ အိန္ဒိယနှင့်သီရိလင်္ကာနိုင်ငံများတွင် ရှိတတ်သည့် အက်ဇစ်ခေါ် သမင်ပြောက်မျိုးဖြစ်သည်။

ကမ္ဘာပေါ်ရှိ သမင်အသီးသီးအနက် အတွေ့ရအများဆုံးသော သမင်မျိုးမှာ ဗာဂျင်းနီးယား ခေါ် အမြီးဖြူသမင် မျိုးဖြစ်၏။ ၁၇၈၄ ခုနှစ်က ဗာဂျင်းနီးယားပြည်နယ်မှ သတ်ဖြတ်ဖမ်းမိသော ယင်းသမင်မျိုးကို ပထမဆုံးနမူနာ မျိုး ခွဲနိုင်သည်ကိုအစွဲပြု၍ ဗာဂျင်းနီးယားဟုခေါ်သည်။ ယင်းကို အမေရိကန်ပြည်ထောင်စု ဒဲလဝဲယား၊ဩရိဂန်၊နီဗားဒ၊ ကာလီဖိုးနီးယားစသော ပြည်နယ်တို့မှလွဲလျှင်နေရာမရွေး အနှံ့အပြားတွေ့ ရတတ်သည်။ ကနေဒါနိုင်ငံတွင် ထို ဗာဂျင်းနီးယားအမြီးဖြူသမင်မျိုးကိုပင် ဆတ် ဟူ၍ ခေါ်မှတ်မှားနေကြ၏။ အကယ်စင်စစ် ဗာဂျင်းနီးယားအမြီးဖြူသမင်မျိုး၏ အမြီးမှာ အောက်ဘက်ပိုင်းနှင့်အစွန်းအနားနေရာများတွင် ဆွတ်ဆွတ် ဖြူလျက်ရှိသည်။ မြောက်အမေရိကတိုက် တွင်အမြီးနက် သမင်မျိုးဟူ၍ ပင်သီးသန့်ရှိသေး၏။

တရုတ်နိုင်ငံ၌ တွေ့ရတတ်သော ရေသမင်များသည် ဦးချိုဟူ၍မပါ ရှိဘဲရှည်လျားသောအစွယ်သာပါရှိသည်။ ရေစပ်မြစ်ကမ်းနဖူးတို့၌ ပုန်း၍နေတတ် သည်။ တင်ပါးဆုံတစ်ဝိုက်တွင် အမွှေးဖြူကွက်များ ပါရှိသည်။ စိတ်လက်အေးချမ်းငြိမ်သက်စွာနေသည့်အခါတွင် ယင်းအမွှေးအားလုံးမှာစုနေသော် လည်းထိတ်လန့်သည့်အခါ ထိုအမွှေးများသည် ပြန့်ကား၍ ထွက်လာတတ်သော ထူးဆန်းသည့် ဂျပန်စီကာသမင်မျိုးလည်း ရှိသေးသည်။ ယင်းသမင်မျိုးကို မန်ချူးရီးယားပြည်၌တွေ့နိုင်သည်။

အခြား ထင်ရှားသောသမင်မျိုးများမှာ နှင်းဖုန်းသော အအေးပိုင်း ဇုန်ဒေသ၌ တွေ့ရတတ်သည့် တန်းဒြသမင်၊ မြောက်အမေရိကတိုက်တွင်အတွေ့များသော ကဲရီးဗူးသမင် တို့ဖြစ်သည်။ ကဲရီးဗူးသမင်သည် လှည်းဆွဲရန်နှင့်နို့အလို့ငှာ အလွန် အသုံးဝင်သောသမင်မျိုးဖြစ်သည်။

မြောက်အမေရိကတိုက်သည် သမင်မျိုးတို့ပေါက်ဖွားရာ ပင်ရင်းဒေသဟုဆိုသည်။ ရှေးအခါကအမေရိကတိုက်တွင် နေရာမရွေးတွေ့ရှိရသော ဝါ့ပတိခေါ်သမင်ကြီးမျိုးသည် ထွားကြိုင်းကြီးမားလှသည်ဖြစ်ရာ တစ်ခါတစ်ရံငါးပေပင် ကျော်တတ်လေသည်။ ထိုသမင်ကြီးမျိုးသည်အမဲပစ်သူတို့ စည်းမဲ့ကမ်းမဲ့ပစ် ခတ်သတ်ဖြတ်မှုကြောင့် မျိုးဆက်ပပျောက် လုမတတ်တိမ်ကောသွားလေပြီ။

မြန်မာနိုင်ငံ၌ပင် ရှေးအခါက သမင်အလွန်ပေါသော်လည်း စစ်ပြီးခေတ်တွင်အမျိုး တိမ်လု နီးနီး နည်းပါးလျက်ရှိသည်။ သမင်သည်တောစပ်၌တွေ့ရတတ်ရုံမက ယဉ်လည်းယဉ်လွယ်သဖြင့် အဖမ်းရလွယ်မှုကြောင့် အမျိုးတုံး လွယ်ခြင်းဖြစ်သည်။ ဘုရားလောင်းသုဝဏ္ဏသာမသည် သမင်နှစ်ကောင်ကို တစ်ပေါင်းတည်းပြုပြီးလျှင် ထိုသမင် နှစ်စီးတို့၏ ကျောက်ကုန်းထက်၌ သောက်ရေအိုးကိုတင်၍ အမိအဖတို့ကိုလုပ်ကျွေးရန် ရေခပ်ဆင်းလေ့ ရှိကြောင်း သုဝဏ္ဏသာမဇာတ်တော်ကြီး၌ ပါရှိသည်ကိုထောက်လျှင်သမင်မျိုး တို့သည်ရှေးလွန်လေပြီးသောအခါ ကပင် အလွန်ယဉ်လွယ်သော သတ္တဝါမျိုးဖြစ်ကြောင်းသိသာသည်။ ယခုအခါမြန်မာနိုင်ငံ၌ သမင်များကိုမသတ်ဖြတ်ရန် အစိုးရကတားမြစ်ထားသဖြင့် အကောင်ရေတိုးလာသည်ဟု ဆိုရမည်ဖြစ်သော်လည်း ခန့်မှန်းခြေအားဖြင့်အကောင်ရေ ၂၅ဝဝ မှ ၃ဝဝဝ ထက်မပိုသေးကြောင်းဖြင့် သစ်တောဌာနမှအဆိုရှိသည်။ သမင်သားရေကိုမြန်မာနိုင်ငံတွင် ရွှေမျက်ပါးလုပ်ရာ၌ အသုံးပြုကြသည်။

သို့ရာတွင် အများအပြားလိုသောပစ္စည်းမဟုတ်သဖြင့် စီးပွားရေး အလို့ငှာသမင်များကို ဖမ်းယူသတ်ဖြတ်ခြင်းမရှိချေ။ သမင် သားကိုစားလျှင် သမင်ကွက်ခေါ် အရေပြားရောဂါတစ်မျိုး ဖြစ်တတ်သည်ဟု အများကအယူရှိကြသဖြင့် လူတိုင်းမစားကြ သောကြောင့် ယင်းကိုအသားအလို့ငှာသတ်ဖြတ်သူနည်းပြီးလျှင် အပျော်ထမ်းတောလိုက်ရင်း ဖမ်းယူသတ်ဖြတ်ခြင်း ခံရမှုသာရှိလေသည်။ ၁၉၅၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းမှုအဖွဲ့ကြီး၏ညီလာခံ၌ မြန်မာနိုင်ငံရှိ သမင် အကောင်ရေစာရင်းကိုတင်ပြရာ မြန်မာနိုင်ငံ၌ သမင်မျိုး တိမ်ကောမည်ကို စိုးရိမ်ရသည့်အခြေအနေမရှိတော့ကြောင်း ဆုံးဖြတ်ကြသည်။

ပါဏဗေဒအလို အရ ဇီဝမျိုးခွဲခြားခြင်းနှင့် အမျိုးအနွယ်များ

ပြင်ပကိုယ်ခန္ဓာ သွင်ပြင်လက္ခဏာအရ ဆက်နွယ်မှု

===

Tragulina

Tragulidae

 
Pecora
 

Antilocapridae

 
 

Giraffidae

 
 
 

Cervidae

 
 
 

Bovidae

 
 

Moschidae

 
 
 
 

Ruminantia  

===

ကိုယ်ခန္ဓာ အတွင်းပိုင်း သွင်ပြင်လက္ခဏာအရ ဆက်နွယ်မှု

Cervinae (Old World deer)
Muntiacini
 

Reeves's muntjac

 
 

Tufted deer

 
 
Cervini
 
 
 

Common fallow deer

 
 

Persian fallow deer

 
 
 
 
 
 

Rusa

 
 

Sambar

 
 
 
 

Red deer

 
 

Thorold's deer

 
 

Sika deer

 
 

Elk (Wapiti)

 
 
 
 
 

Eld's deer

 
 

Père David's deer

 
 
 
 
 
 

Barasingha

 
 
 

Indian hog deer

 
 

Chital

 
 
 
 
 
Capreolinae (New World deer)
Rangiferini
 

Reindeer (Caribou)

 
 
 
 

American red brocket

 
 
 

White-tailed deer

 
 

Mule deer

 
 
 
 
 

Marsh deer

 
 

Gray brocket

 
 

Southern pudu

 
 

Taruca

 
 
 
 
Capreolini
 

Roe deer

 
 

Water deer

 
 
Alceini

Moose or Eurasian elk

 
 

Cervidae  

Read next

In 164 languages

myAcèhAfrikaansAlemannischአማርኛaragonésÆngliscالعربيةمصرىasturianuAtikamekwаварKotavaAymar aruazərbaycancaتۆرکجهбашҡортсаBasa BaliBikol Centralбеларуская (тарашкевіца)беларускаябългарскиBanjarবাংলাབོད་ཡིགbrezhonegbosanskiбуряадcatalà閩東語 / Mìng-dĕ̤ng-ngṳ̄нохчийнCebuanoᏣᎳᎩTsetsêhestâheseکوردیcorsučeštinaчӑвашлаCymraegdanskDeutschZazakiΕλληνικάEnglishEsperantoespañoleestieuskaraفارسیsuomifrançaisNordfriiskGaeilgeGàidhliggalegoگیلکیAvañe'ẽBahasa HulontaloગુજરાતીGaelgHausa客家語 / Hak-kâ-ngîHawaiʻiעבריתहिन्दीhrvatskiKreyòl ayisyenmagyarհայերենinterlinguaBahasa IndonesiaгӀалгӀайIdoíslenskaitaliano日本語ქართულიTaqbaylitKumoringқазақшаಕನ್ನಡ한국어перем комикомиkernowekLatinaлаккуLingua Franca NovaLadinລາວlietuviųlatgaļulatviešuMalagasyолык марийMāoriмакедонскиമലയാളംꯃꯤꯇꯩ ꯂꯣꯟဘာသာမန်मराठीкырык марыBahasa Melayuمازِرونیनेपालीनेपाल भाषाNederlandsnorsk nynorsknorskDiné bizaadoccitanиронDeitschpolskiپنجابیNawatportuguêsRuna Simiရခိုင်românăarmãneashtiрусскийसंस्कृतम्саха тылаScotsسنڌيsrpskohrvatski / српскохрватскиසිංහලSimple EnglishslovenčinaslovenščinaSoomaaligashqipсрпски / srpskiSranantongoSeelterskSundasvenskaKiswahiliSakizayaதமிழ்ತುಳುтоҷикӣไทยTagalogtolışiTürkçeтатарча / tatarçaудмуртукраїнськаاردوoʻzbekcha / ўзбекчаTiếng ViệtWest-VlamswalonWinaray吴语YorùbáVahcuenghⵜⴰⵎⴰⵣⵉⵖⵜ ⵜⴰⵏⴰⵡⴰⵢⵜ閩南語 / Bân-lâm-gí粵語中文isiZulu

Text from Wikipedia, CC BY-SA 4.0 · Source article