factograf
MY

အက်ပဲကုမ္ပဏီ၏စီအီးအို

တင် ကွတ်

တင် ကွတ်

Key facts

မွေးနေ့၁၉၆၀ နိုဝင်ဘာ ၁
အလုပ်အကိုင်အင်ဂျင်နီယာ
အလုပ်ရှင်အက်ပဲ
နေရာရထားသောအမှုဆောင် အရာရှိချုပ်
All data from the card 7
မွေးဖွား
Timothy Donald Cookနိုဝင်ဘာ ၁၊ ၁၉၆၀မိုဘိုင်းလ်မြို့၊ အလာဘားမားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
မိခင်ကျောင်း
အူဘန်း တက္ကသိုလ် (B.S.) ဒက် တက္ကသိုလ် (M.B.A.)
အလုပ်အကိုင်
Apple ၏ CEO
အလုပ်ရှင်
Apple Inc. (၁၉၉၈-လက်ရှိ)
လစာ
US$ ၉.၂၂ သန်း (၂၀၁၄)
ကြွယ်ဝမှု
US$ ၇၈၅ သန်း
ဘုတ်အဖွဲ့ဝင်
ဒက် တက္ကသိုလ် (၂၀၁၅-လက်ရှိ) Apple Nike (၂၀၀၅-လက်ရှိ) အမျိုးသားဘောလုံးဖောင်ဒေးရှင်း

တင်ကွတ် (အင်္ဂလိပ်: Tim Cook) သည် လက်ရှိတွင် အက်ပဲကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ၁၉၉၈ ခုနှစ်တွင် အက်ပဲကုမ္ပဏီကို စတင်အလုပ်ဝင်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် အက်ပဲကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ စတိဗ်ဂျော့စ် ထံမှ အမှုဆောင်အရာရှိချုပ်အဖြစ် လွဲပြောင်းတာဝန်ယူခဲ့သည်။

၂၀၂၆ ဧပြီလကုန်ပိုင်းတွင် အက်ပဲကုမ္ပဏီက လက်ရှိအမှုဆောင်အရာရှိချုပ် တင်မ်ကွတ် (Tim Cook) သည် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်းနှင့် ဟာ့ဒ်ဝဲအင်ဂျင်နီယာပိုင်းဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဂျွန်တာနက်စ် (John Ternus) က စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အစောပိုင်းကာလ နှင့် ပညာရေး

တင်ကွတ်ကို မိုဘိုင်း၊ အလာဘားမားပြည်နယ်၊ အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားခဲ့သည်။ မွေးနေ့မှာ ၁၉၆၀ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ ဖြစ်သည်။

တင်ကွတ်သည် အူဘန်း တက္ကသိုလ်မှာ စက်မှု အင်ဂျင်နီယာဘွဲ့ ကို ၁၉၈၂ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ (MBA) ကို ဒက် တက္ကသိုလ်မှ ရရှိခဲ့သည်။

Read next

In 69 languages

Text from Wikipedia, CC BY-SA 4.0 · Source article